Friday, August 3, 2012

ဟောင်ကောင် လေထုညစ်ညမ်းမှုဒဏ်ကို အဆိုးရွားဆုံး ခံရလျက်ရှိ

Ever November | 8/03/2012 10:19:00 PM | Best Blogger Tips

ဟောင်ကောင်ကျွန်းသည် လူသားများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုများကို အဆိုးရွားဆုံး ခံရလျက်ရှိပြီး ဒေသခံများအား နေအိမ်အတွင်းမှာပင် နေထိုင်ကြရန် ဟောင်ကောင် အာဏာပိုင်များက သြဂုတ် ၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ ရာသီဥတုသည် သာယာသော်လည်း ဟောင်ကောင်၏ ကောင်းကင်သည် မီးခိုးရောင် အသွင်ရှိနေပြီး အဆိပ်ဖြစ်စေနိုင်သော မြူများဖြင့် ဖုံးကွယ်ပိတ်ဆီးထားကြောင်း၊ ဒေသခံများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများခံစားရလျက်ရှိပြီး အရွယ်ရောက်ပြီးသူများနှင့် ကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ အားနည်းလာကြောင်း အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။ လေထုညစ်ညမ်းမှု ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ တရုတ်ပြည် ပြည်မကြီးရှိ စက်ရုံများကြောင့် ဖြစ်ကြောင်း လေထုညစ်ညမ်းမှု ကာကွယ်ရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်ဟု သိရသည်။ 
khitlunge.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1