Friday, August 3, 2012

ယန်းရှစ်သိန်းဖြင့် ဂျပန်တွင်ပညာသင်ကြား ရန် Westcoast တွင် စာမေးပွဲ ဖြေနိုင်

Ever November | 8/03/2012 10:05:00 PM | Best Blogger Tips

ဂျပန် နိုင်ငံသို့ကုန်ကျစရိတ်သက်သာစွာဖြင့်သွားရောက်ပညာသင်ကြားလိုသည့် ကျောင်းသား ကျောင်းသူ
များအတွက် အရည် အချင်းစစ်စာမေးပွဲကို West Coast Language School (Tokyo) မှ ဩ ဂုတ်လ ၁၉ရက်နေ့တွင်ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရ သည်။
အဆိုပါ စာမေးပွဲကိုဂျပန် ဘာသာN3 နှင့် အထက်အဆင့်ရှိ သူများဝင်ရောက်ဖြေဆိုနိုင်ပြီး ထူး ချွန်စွာအောင်မြင်သူများအနေဖြင့် ကျောင်းလခတစ်နှစ်စာ၊ကျောင်း ဝင်ကြေး၊ လေယာဉ်လက်မှတ် အပါအဝင်ယန်းရှစ်သိန်းသာပေးသွင်းကာ ကျောင်းတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အောင်မြင်သူများ
အနေဖြင့် လာမည့်၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ နှင့် ဧပြီလတန်းခွဲများတွင် စတင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အမှန်တကယ် ပညာသင်ကြားလို သူလူငယ်များအနေဖြင့်Westcoast Japanese Language Center (ရန်ကုန် + မန္တလေး)တွင်စာမေးပွဲဖြေ ဆိုရန်လျှောက်လွှာများ ကိုဩဂုတ် လ ၁၅ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1