Friday, August 3, 2012

အန္တာတိကတိုက် ကမ်းလွန်ရေအောက် ကြမ်းပြင်တွင် ရှေးဟောင်း မိုးသစ်တောတစ်ခု ရှာဖွေတွေ့ရှိ

Ever November | 8/03/2012 10:12:00 PM | Best Blogger Tips

အန္တာတိကတိုက် ကမ်းလွန်ရေအောက် ကြမ်းပြင်တွင် ရှေးနှစ် သန်းပေါင်း ၅၂ သန်းခန့်က တည်ရှိခဲ့သည့် အပူပိုင်း မိုးသစ်တောတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးသစ်တောသည် ဆယ်စုနှစ်များအတွင်း ရေခဲနေခြင်းမှ လွတ်ကင်း၍ တစ်ဖန်ပြန်ပေါ်လာဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက သြဂုတ် ၂ ရက်တွင် ပြောကြားထားသည်။  သိပ္ပံပညာရှင်များသည် အန္တာတိကတိုက် အရှေ့ဘက် ကမ်းလွန်ရှိ သမုဒ္ဒရာကြမ်းပြင်မှ အနည်အနှစ်များကို လေ့လာရန် တူးဖော်ခဲ့ရာမှ အဆိုပါ မိုးသစ်တော၏ ရုပ်ကြွင်းအမှုန်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းအနည်အနှစ် အမှုန်များအတွင်းရှိ အပူချိန် မော်လီကျူးများကို လေ့လာဆန်းစစ်ချက်များအရ အဆိုပါ မိုးသစ်တောသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၂ သန်းခန့်က အလွန်ပူနွေးခဲ့ပြီး အပူချိန်မှာ 20ံC ခန့်ရှိသည်ဟု သြစတြေးလျ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ကီဗင်ဝဲရှ်က ပြောကြားထားကြောင်း သိရသည်။ 
khitlunge.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1