Friday, August 3, 2012

Facebook ရှယ်ယာများအနိမ့်ဆုံးရောက်ရှိ

Ever November | 8/03/2012 10:22:00 PM | Best Blogger Tips

Facebook သည် ၄င်းတို့လူမှု ရေး ဝက်ဘ်ဆိုက်ကို အများပိုင် အဖြစ် ပြောင်းလဲ ခဲ့ပြီးနောက် မေလ ၁၈ရက်တွင် နောက်ဆုံး သတ်မှတ် ထားသော ရှယ်ယာတစ်ခု တန်ဖိုးမှာ ၃၈ဒေါ်လာဖြစ်သော်လည်း နောက် ဆုံး ထွက်ပေါ် လာသော တစ်ပတ် အတွင်း ရှယ်ယာပိတ်သိမ်းပြီးတန်ဖိုး မှာဒေါ်လာ၂၃.၇၁သာရှိတော့သည့် အတွက် အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
Facebook အနေဖြင့် ပြီးခဲ့ သည့်ဧပြီလမှ ဇွန်လအထိအရှုံးငွေ ပေါင်း ဒေါ်လာ၁၅၇သန်းအထိရှိနေ ပြီဟုကြေညာထုတ်ပြန်ပြီး တစ် ရက်အကြာမှာပင် ထိုကဲ့သို့ရှယ်ယာ ဈေးနှုန်းများကျဆင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယ၃လပတ်အတွက်ကြေ ညာသည့်Facebook ၏ဝင်ငွေပမာ ဏမှာ ဒေါ်လာ၁.၁၈ဘီလီယံအထိ မြင့်တက်ကာ ရာခိုင်နှုန်းအနေဖြင့် ၃၂ရာခိုင်နှုန်းရှိခဲ့သော်လည်း အဆို ပါပမာဏမှာ ရင်းနှီးမြှုပ်နှံသူများမျှော်လင့်ထားသည့်ပမာဏအောက် မှာပင်ရှိနေခဲ့ခြင်းဖြစ်သည်။
ထိုကဲ့ သို့ရှယ်ယာဈေးနှုန်းများကျဆင်းခြင်း ကြောင့်Facebook ပိုင်ရှင်ဖြစ်သူ CEO Mark Zuckerberg မှာ ကမ္ဘာ့ဘီ လီယံနာများစာရင်းမှ အဆင့်လျော့ ကျခဲ့ရသလို ၄င်း၏ စုစုပေါင်း အ သားတင်ချမ်းသာမှု ဒေါ်လာ၁၃.၇ ဘီလီယံမှ ဒေါ်လာ၁.၆ဘီလီယံဆုံး ရှုံးသွားခဲ့ရသည်။ သို့ရာတွင်Mark Zuckerberg မှာIPO အဖြစ်ပြောင်းလဲ ပြီးနောက်မှာပင် ၄င်း၏ရှယ်ယာများ ထဲမှ ၃၀.၂သန်းပမာဏအထိရှိသည့် ရှယ်ယာများကို တစ်စုလျှင် ဒေါ်လာ၃၇.၅၈နှုန်းဖြင့်ရောင်းချခဲ့ ရာ၌ ဒေါ်လာ၁.၁ဘီလီယံပမာဏ ဝင်ငွေတိုးပွားသွားခဲ့သည်။
လက်ရှိ တွင်Facebook လစဉ် အသုံးပြုသူ အရေအတွက်မှာ ၉၅ သန်းအထိရှိ သော်လည်းfake profiles များရှိနေ သည်ကမေးခွန်းထုတ်စရာရှိသလို mobile device မှ နေ့စဉ်log in ဝင် ရောက်သူမှာလည်း နှစ်အလိုက် ၅၄၃ သန်းအထိ ရှိသော်လည်း မိုဘိုင်းမှအမြတ်ရရေးမှာ ခေါင်းစား စရာissue တစ်ခုဖြစ်လျက်ရှိသည်။
Net Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1