Friday, August 3, 2012

မြန်မာ့တင်ပို့ကုန်မှ ဘင်္ဂလာဝင်ငွေ ဇူလိုင်တွင် တာကာ ၄ ကုဋေကျော်သာရရှိဟုဆို

Ever November | 8/03/2012 09:19:00 AM | Best Blogger Tips
မြန်မာ့တင်ပို့ကုန်များမှ ဘင်္ဂလာတွင် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေမှာ ပထမဆုံးလဖြစ်သည့် ဇူလိုင်တွင် တာကာ ၄၁၂၀၀၈၀၄ (မြန်မာကျပ် ၄၀ ကုဋေခန့်)သာ အကောက်အခွန် ရရှိခဲ့ကြောင်း တာခ်နာမြို့နယ် ဆိပ်ကမ်းတာဝန်ရှိသူတဦးက ဖြေကြားပြောဆိုသည်။
မြန်မာမှ တင်ပို့သည့် ကုန်ပစ္စည်း စရင်းဇယား ၁၀၈ ခုအရ အဆိုပါ ၀င်ငွေကိုသိရှိရခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလာမှ မြန်မာသို့ တာကာ ၁၈၁၈၃၁၀ တန်ဖိုး ကုန်ပစ္စည်းများအား တာခ်နာဆိပ်ကမ်းမှ ဇူလိုင်တွင် တင်သွင်းခဲ့ကြောင်း သူက ရှင်းပြသည်။
မောင်တောမြို့နယ်မှ အမည်မဖေါ်လိုသူ ကုန်သည်ကြီးတဦးကဇွန်လ ၈ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနဲ့ ဘင်္ဂလာ နယ်စပ်ကုန်သွယ်ရေးက ဇွန်နဲ့ ဇူလိုင်လတွေမှာ စုစုပေါင်းရက် ၅၀ ခန့်ပိတ်ဆို့နေခဲ့ပါတယ်။ နယ်စပ်စီးပွားရေးက အရင်လိုပုံမှန်အနေအထားမျိုးကိုရောက်ဖို့ လတ်တလော မလွယ်လှပါဘူး၊ အရင်လိုကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ယုံကြည်မှုတွေကို ပြန်ပြီးတော့ တီးခေါက်ကြည့်ဖို့က လိုအပ်မယ် ထင်ပါတယ်၊ ခုဖြစ်နေတဲ့ ငွေဖက်လှည်နှုန်းက တာကာ ၁၀၀ ဆို ကျပ်က ၉၃၀ ဖြစ်ပါတယ်။ ဟု ရှင်းပြသည်။
အဆိုပါ တာခ်နာဆိပ်ကမ်းအနေဖြင့် မြန်မာမှ ဘင်္ဂလာသို့ တင်ပို့လာသည့် ကုန်ပစ္စည်းများမှ အကောက်အခွန်ဖြင့် ဘင်္ဂလီအမျိုးသား နိုင်ငံတော် ၀င်ငွေကို တလလျှင် ၇၂၀၀၀၀၀၀ ခန့်မှန်းထားသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မြန်မာသို့ ယင်းတင်ပို့ကုန်များမှာ T-Shirt ၃၀၀၀ လုံး၊ ၁၅၀၀ လုံးလက်ကိုင်ပ၀ါ၊ ၁၅၀၀ လုံးလုံချဉ်၊ ၁၃၀၀ ထမီ၊ ထီး ၁၅၀၀ ဆောင်နှင့် တခြား ၁၃၇၅ လုံးအထည်များအပြင် အယ်လူမီနီယံအထည်များအား တာခ်နာဆိပ်ကမ်းမှတဆင့် ဇူလိုင်တွင် ပို့ဆောင် ခဲ့ကြောင်း ဆိုသည်။
မြန်မာမှ ဘင်္ဂလာသို့ ဇွန်နှင့် ဇူလိုင်လအတွင်း ငါးတန်ချိန် ၅၀၀ ခန့်နှင့် ဇူလိုင်အတွင်း ဘုတ် (၁၂)စီးကျော် သစ်တန်ချိန်ပေါင်း ၈၀၀ ခန့်တို့ကို တရားဝင်တင်ပို့ ခဲ့ကြောင်းနှင့် အိမ်မွေးတိရိစ္ဆာန်များနှင့် လှေများဖြင့် ပုဇွန်များ တရားမ၀င် တင်ပို့ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး လေ့လာသုံးသပ်သူများက ပြောသည်။
မြန်မာမှ ဘင်္ဂလာသို့ ၂၀၁၁-၂၀၁၂ နှစ်ဝက်ကာလအတွင်း တင်ပို့ကုန်မှ တာကာ ၄၃ ကုဋေ ၂ သန်း ဇွန်(၃၀)အတွင်း ရရှိရန် ခန့်မှန်းထားခဲ့သော်လည်း ၃၂ ကုဋေ (မြန်မာကျပ် ၃၂၀ ကုဋေ)ခန့်သာ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိခဲ့ကြောင်း တာခ်နာဆိပ်ကမ်း ကစ္စတင်မှ ဇူလိုင်အစောပိုင်းက ပြောဆိုခဲ့သည်။
ဘင်္ဂလာ တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ တာကာ ၄၂၆၃၂၇၅ တန်ဖိုးရှိ ကုန်များ ဇွန်လအတွင်း တင်ပို့ခဲ့ကြောင်း၊ မတ်လအတွင်း တာကာ ၁၉၈၂၂၂၇၈ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၁၁၀၄၂၅၄၅ တန်ဖိုး ကုန်ပစ္စည်းများ တင်ပို့ခဲ့သည်။  
တာခ်နာဆိပ်ကမ်း တာဝန်ရှိသူများက ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ လျော့ဆင်းခဲ့မှုမှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေကြောင်းနှင့် နယ်စပ်မှောင်ခိုသမားများ သောင်းကျန်းမှုများကြောင်းလည်း ဝေဖန်နေသည်။
မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား အပြန်အလှန် ပို့ကုန်-သွင်းကုန်များ တရားဝင် တင်ပို့ကြရာတွင် ဘင်္ဂလာမှ သွင်းကုန်တန်ဖိုးထက် မြန်မာပို့ကုန် တန်ဖိုးမှာ ၁၉၉၅-၂၀၁၂ ဇွန်လအထိ ၁၇ နှစ် ကာလအတွင်း တာကာ ၂၃၅၄ ကုဋေ ၉၀၃၃၀၀ တန်ဖိုး ကွာဟမှုရှိခဲ့သည်။  
မြန်မာ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးအကြား ၁၉၉၅-၉၆ မှ ၂၀၁၁-၁၂ ခုနှစ်ဇွန်အထိ ၁၇ နှစ်အတွင်း မြန်မာမှ ဘင်္ဂလာသို့ စုစုပေါင်း ကုန်ပစ္စည်း တာကာ ၂၄၂၁ ကုဋေ ၇၆၆၁၅၇၀ တန်ဖိုး တင်ပို့ခဲ့ကြကြောင်းနှင့် ဘင်္ဂလာမှ တာကာ ၆၉ ကုဋေ ၆၇၅၈၂၇၀ တန်ဖိုး ကုန်ပစ္စည်း တင်သွင်းခဲ့ကြောင်း တာခ်နာဆိပ်ကမ်းမှ ထုတ်ဖေါ်ရှင်းလင်းချက်များအရ သိရှိရသည်။  
ဘင်္ဂလာက ဇွန်လအတွင်းတွင် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေမှာ တာကာ ၁၄၄၁၅၀၂၃ ရရှိခဲ့ကြောင်းနှင့် ယင်းဆိပ်ကမ်းမှ တာကာ ၂၅၄၈၂၆၈၅ အကောက်အခွန် ဘက်စုံမှ ရရှိခဲ့ကြောင်း၊ မတ်လတွင် တာကာ ၇၀၇၁၃၁၈၂ ရရှိခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလတွင် တာကာ ၇၉၉၂၄၁၅၆ ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ရရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောဆိုခဲ့သည်။  
လွန်ခဲ့သောနှစ် ဇူလိုင်မှ ဇွန်လ (စီးပွားရေးနှစ်) တနှစ်အတွင်း တာခ်နာဆိပ်ကမ်းမှ မြန်မာသို့ စုစုပေါင်း တာကာ ၁၀ ကုဋေ ၆၅၀၆၅၀၀ တန်ဖိုးကုန်များ ပို့ဆောင်ခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက အတည်ပြုပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာမှ ဘင်္ဂလာသို့ မတ်လအတွင်း တာကာ ၂၆ ကုဋေ ၃ သိန်း ၆၂၃၂၀ တန်ဖိုး ကုန်ပစ္စည်းများကို တင်ပို့ခဲ့ကြောင်းနှင့် ဖေဖေါ်ဝါရီလအတွင်း တာကာ ၂၇ ကုဋေ ၁ သန်း ၈ သိန်း ၅၆၀၈၉ တန်ဖိုး တင်ပို့ခဲ့သည်။  
ဘင်္ဂလာအနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူပူးပေါင်းလုပ်ဆောင်နိုင်ရန် ကမ်းလှမ်းကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိနေပြီး ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခအပေါ် ၎င်းတို့နှင့် မည်သို့မျှသက်ဆိုင်မှု တစုံတရာမရှိကြောင်းနှင့် ဒေသအတွင်း သောင်းကျန်းမှုများ မကူးစက်နိုင်အောင် လုပ်ဆောင်မှုများ ရှိသည်။
နှစ်နိုင်ငံအကြား တင်ပို့ကြသည့် ကုန်များမှာ ၀ါး၊ သစ်၊ ဆန်စပါး၊ ငါးခြောက်၊ ငါးစိမ်း၊ ကွမ်းသီး၊ နနွမ်း၊ မကျဉ်းသီး၊ မူဆလာ၊ အ၀တ်အထည်၊ အယ်လ်လူမီနီယံ၊ အိမ်မွေးတိရိစ္ဆာန်၊ ပဲ၊ ဆံပင်၊ ဘိလပ်မြေ၊ ဈေးယုံမျိုးစုံ၊ ဂျင်း၊ င/ရုပ်ကောင်းစိ၊ ကျွဲ-နွားအရီနှင့် တခြား စသည့် စုစုပေါင်း ၃၆ မျိုးကုန်ပစ္စည်းများ တင်ပို့ရန် နှစ်ဘက်စီးပွားရေးသမားများ သဘောတူညီမှုများ ရှိကြသည်။ 
ဘင်္ဂလာနယ်စပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့မှ မြန်မာနိုင်ငံသား မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု၊ လူကုန်ကူးမှုနှင့် ပိုင်နက် ကျူးကျော်ဝင်ရောက်မှုများဖြင့် မိုဟာမတ် ယူနို့စ်(၃၂)နှစ် မောင်တောမြို့မှ မူဆလင်အမျိုးသားတဦးအား နတ်မြစ်ကျွန်းတခုမှ ယမန်နေ့က ဖမ်းဆီးပြီး အရေးယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသထုတ် သတင်းများက ဖေါ်ပြချက်အရ သိရှိရသည်။
Arakan Times
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1