Wednesday, August 29, 2012

အင်္ဂါဂြိုဟ်ပေါ်၌ ပန်းကန်ပြားပျံများတွေ့

Ever November | 8/29/2012 08:05:00 PM | Best Blogger Tips

သြဂုတ်လ ၅ ရက်နေ့က အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့သော နာဆာ၏ Curiosity Rover ယာဉ်ငယ် သည် အင်္ဂါဂြိုဟ်ပေါ်၌ တွေ့ရှိသမျှ အရာအားလုံးကို မှတ်တမ်းဓာတ်ပုံများရိုက်၍ ပေးပို့ခဲ့သည်။ အဆိုပါဓာတ်ပုံများသည် ရုပ်သံကင်မရာဖြစ်၍ လှုပ်ရှားနေသော အရာများကိုပင် ရိုက်ကူးနိုင်သည်။
    သြဂုတ်လ ၂၁ ရက်နေ့က အဆိုပါယာဉ်ပေါ်မှ ကင်မရာဖြင့် ပေးပို့သော ရုပ်သံဓာတ်ပုံများမှာ မြေကမ္ဘာမှ လူတချို့ခေါ်ဆိုနေကြသော ပန်းကန်ပြားပျံကဲ့သို့ ယာဉ်များနှင့်တူနေသည်ဟုဆိုသည်။
    အဆိုပါယာဉ်ငယ်လေးများသည် အလွန်သေးငယ်ပြီး ဓာတ်ပုံပေါ်၌ One Pixel အရွယ် အစက်အပြောက်လေး တစ်ခုအဖြစ်သာ ရှိသည်။
    ဗီဒီယိုကင်မရာများပေါ်၌ အဖြူရောင်အစက်လေးတစ်စက်ကို မြင်ကွင်းပေါ်၌ ပေါ်နေရာမှ ဘယ်ဘက်က အခြားယာဉ်တစ်ခုပေါ်လာပြီး ယင်းအစက်လေးနှစ်ခုသည် လှုပ်ရှားနေသည်ကို တွေ့ရသည်။ အခြားရုပ်သေကင်မရာ တစ်ခု၌ မျက်စိတစ်ဆုံးမြင်ကွင်းတစ်နေရာ၌ အရာဝတ္ထုတစ်ခုသည် ရပ်နားနေသည့်ပုံပေါ်သည်။
    အဆိုအရ ယင်းကဲ့သို့ လှုပ်ရှားနေသော အစက်အပြောက်ကလေးများကို မကြာမီက လန်ဒန်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အိုလံပစ်ပွဲတော်ဖွင့်ပွဲနေ့ကလည်း ကောင်းကင်ယံသို့ ပစ်ဖောက်လွှတ် တင်ထားသည့် မီးပန်းများကြားတွင် တွေ့ခဲ့ရသည်ဟု ဓာတ်ပုံသုတေသီများ၊ သတင်းသမားများကဆိုသည်။
Source : Huffingtonpost.com

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1