Wednesday, August 29, 2012

ပုံဖျက်ဖုံးကွယ်မှုနှင့် အပူဒဏ်ခံနိုင်သည့် မိတ်ကပ် အမေရိကန်သိပ္ပံပညာရှင်များ တီထွင်

Ever November | 8/29/2012 10:40:00 AM | Best Blogger Tips

အမေရိကန် သိပ္ပံပညာရှင်များသည် ၄င်းတို့၏ စစ်သည်များ အသုံးပြုရန်အတွက် ရုပ်ဖျက်နိုင်ရုံသာမက ဗုံးပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အပူဒဏ်ကို အကာအကွယ်ပေးနိုင်သည့် မိတ်ကပ်တစ်မျိုးကို တီထွင်ခဲ့ကြောင်း သိရသည်။ ၄င်းမိတ်ကပ်သည် စစ်သည်များ ခြင်ကိုက်ခံခြင်းမှ အကာအကွယ်ပေးနိုင်ပြီး အပူချိန် ၆၀၀ ဒီဂရီ စင်တီဂရိတ်အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် အပူဟပ်မှုသည် ၂ စက္ကန့်သာကြာမြင့်သော်လည်း စစ်သည်များ၏ မျက်နှာ၊ လက်နှင့် အကာကွယ်မဲ့ အသားအရေများကို ပျက်စီးစေနိုင်သည်။ သို့သော် ၄င်းမိတ်ကပ်သည် ယေဘုယျအားဖြင့် ၁၅ စက္ကန့်အထိ ခံနိုင်ရည်ရှိပြီး အချို့စမ်းသပ်မှုများ ၁ မိနစ်အထိ အပူဒဏ်ခံနိုင်ကြောင်း သိရသည်။ အဆိုပါ မိတ်ကပ်ကို မီးသတ်တပ်ဖွဲ့ဝင်များအတွက်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1