Wednesday, August 29, 2012

ရန်ကုန်တွင် တိုးရစ်ဆိုက်အဖြစ် နေရာ သစ်များ တင်ပြနိုင် ဟုဆို

Ever November | 8/29/2012 07:32:00 PM | Best Blogger Tips

ရန်ကုန် ဒေသတွင် နိုင်ငံခြားသား လည်ပတ်ရန် နေရာ ၅၇ နေရာ သတ်မှတ် ထားပြီး တိုးရစ်ဆိုက် အဖြစ် နေရာသစ်များ တင်ပြနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြော ကြားသည်။ ၄င်းက ယခုလဆန်းပိုင်း အင်းလျားလိတ်ဟိုတယ်တွင်ကျင်း ပသည့် ရန်ကုန်ဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအလုပ်ရုံဆွေး နွေးပွဲတွင် ပြောခြင်းဖြစ်သည်။ “Ecotourism(သဘာ ဝအခြေခံခရီးသွားလာရေး) ၊ ရှေး ဟောင်းအဆောက်အအုံ စတဲ့နေရာ တွေ တင်ပြနိုင်တယ်” ဟု ၄င်းကဆို သည်။
ရန်ကုန်မြို့တွင် ဧည့်သည် များ ဦးစားပေးလည်ပတ်နိုင်သည့် နေရာ ၁၉ ခုမှာ ရွှေတိဂုံစေတီတော်၊ ဆူး လေဘုရား၊ ကမ္ဘာအေးဘုရား၊ ကရဝိက်ခန်းမ၊ ကျောက်တော်ကြီးဘုရား၊ အမျိုးသားပြတိုက်၊ တိုင်း ရင်းသားကျေးရွာ၊ ဗိုလ်တထောင် ဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကျိုက်မော်ဝန်း ရေလယ်ဘုရား (ကျောက်တန်း)၊သန်လျင်ကျောက် တန်း၊ ကျောက်မျက်ပြတိုက်၊ တွံတေး၊ ထောက်ကြန့် စစ်သချိုင်း၊ တိရစ္ဆာန်ဥယျာဉ်၊ ကန်တော်ကြီး၊ မြို့တော်ခန်းမ၊ ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း (China Town) တို့ ဖြစ်သည်။
ဒုတိယ ဦးစားပေးလည်ပတ် နိုင်သည့်နေရာ ၃၈ ခုမှာ အာလိန် ငါးဆင့်ဘုရား၊ ပဲခူးဈေး၊ ချမ်းမြေ့ ဝိပဿနာ၊ အကောက်ခွန်ရုံး၊ ဒညင်းကုန်း ဂေါက်ကွင်း၊ ဓမ္မ ဇောတိ ဝိပဿနာရိပ်သာ၊ တရား ရုံးချုပ်၊ လှော်ကား ဥယျာဉ်၊ နှင်းဆီ ကုန်း ဘိုးဘွားရိပ်သာ Immanuel Beptist Churcs ၊ လွတ်လပ်ရေး ကျောက်တိုင်၊ ပြည်တွင်း ရေ ကြောင်း ပို့ဆောင်ရေး၊ အင်းယား ကန်၊ ကလေးဝ တောရရိပ်သာ၊ Kheng/Hock Keong Chinese Temple ၊ ကိုးထပ်ကြီး ဘုရား၊ကျိုက်ကလဲ့စေတီ၊ ကျိုက်ကလို့ စေတီ၊ ကျိုက်က္ကဆံဘုရား၊ ကျိုက် ခေါက်ဘုရား၊ မဟာပါသနဂူ၊ မဟာဝိဇယ စေတီ၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်၊ အာဇာနည် ဗိမာန်၊ မြိုင်ဟေဝန် ဆင်စခန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ငါး ထပ်ကြီးဘုရား၊ ပန်းလှိုင်ဂေါက် ကွင်း၊ ပြည်သူ့ဥယျာဉ်နှင့် ရင်ပြင်၊ Kheng/Hock Keong Chinese Temple ၊St-Mary 'y Cathedral ၊ The Strand Hotel ၊ Zafar-Shah Dargah(Tomb) ၊ စွယ်တော်မြတ်စေတီ၊ ဥတိုဂေါက် ကွင်း၊ ရန်ကုန်ဆေးရုံကြီး၊မယ်လမု ဘုရားနှင့် မဟာစည် သာသနာ့ရိပ် သာတို့ ဖြစ်သည်။
ရန်ကုန်မြို့တွင် ပြည်တွင်း ပြည်ပ ဧည့်သည် များအား ပြသရန် အတွက် အနော်မာအနုပညာအဖွဲ့ က ဗိုလ်ချုပ်အောင်ဆန်း အပါ အဝင် အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် အတွင်းဝန်ရုံးကို ပြတိုက်အဖြစ် ဆောင်ရွက်ရန် စီစဉ်နေသည်။
ရဲရင့်မိုးအောင်
Venus News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1