Wednesday, August 29, 2012

ဒါရိုက်တာဝိုင်း မျက်နှာသစ် သရုပ်ဆောင် ၃ဦးနှင့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်

Ever November | 8/29/2012 07:22:00 PM | Best Blogger Tips

"ပန်းဆွတ်မိုး" ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အေသင်ချိုဆွေ တို့ နဲ့ရိုက်ကူးနေတဲ့ ဒါရိုက်တာဝိုင်းက ဒီဇာတ်ကားကို ၁၂ ဂျူတီ၊ ၁၃ ဂျူတီလောက် ရိုက် ကူးရကြောင်းပြောပါတယ်။ တစ်လကို ဇာတ် ကားတစ်ကားပဲရိုက်ကူးတဲ့ ဒါရိုက်တာဝိုင်းက ဇာတ်ကားရိုက်ပြီး ပိုတဲ့ အချိန်တွေမှာ ရုပ်ရှင် အစည်းအရုံး၊ ဗိုလ်ချုပ်ဇာတ်ကား စတာတွေ အတွက် အချိန်ပေးပြီး ဦးသန့်စာအုပ်ကို လည်း ဖတ်ဖြစ်နေကြောင်းပြော ပါတယ်။ ည ၆ နာရီနောက်ပိုင်းဟာ စာဖတ်ချိန်နဲ့ ဗီဒီယို ဇာတ်ကားကြည့်ချိန် အဖြစ် သတ်မှတ်ထား ကြောင်းပြောပါတယ်။ ဗီဒီယိုတစ်ကားကို ၁ဝ ရက် ရိုက်ကူးကြဖို့ပြောနေတဲ့အချိန်မှာ ဒါရိုက်တာဝိုင်းရဲ့အမြင်က ...

"ဗီဒီယိုတစ်ကားကို ၁ဝ ရက်သတ်မှတ် တာမှန်တယ်။ ဒါပေမဲ့လည်း ၁ဝ ရက် သတ် မှတ်ပြီး အရင်ပုံစံအတိုင်း ဇာတ်ညွှန်းတွေကို အသေအချာ မပြင်ဆင်ဘူး ဆိုရင် အလကား ပါ။ ဒီလိုသတ်မှတ်ရုံနဲ့ ဇာတ်ကားတွေတိုး တက်လာမှာ မဟုတ်ဘူး။ မင်းသားရော၊ ထုတ်လုပ်ရေးကအစ ဇာတ်ညွှန်း တစ်ခုကို ကြေကြေညက်ညက်ဖတ်ပြီး ဒီဇာတ်ညွှန်းကို တကယ် ဖီလင်လာပြီ ဆိုမှ ရိုက်သင့်တဲ့ခေတ် ပါ။ အခုက ပရိသတ်ကို ညာစား လို့ရတဲ့ခေတ် မဟုတ်တော့ဘူး ဆိုတာ ကျိန်းသေတယ်။ အရင်ထက် အဆပေါင်းများစွာ ကြိုးစားမှ ကျွန်တော်တို့လောကလေး မပြို ကွဲအောင် ထိန်းသိမ်းနိုင်မှာပါ။ အကုန်လုံးမှာ တာဝန်ရှိ တယ်။ ကားတိုင်းတိုးတက်အောင်၊ လူတိုင်း တိုးတက်အောင် လုပ်နိုင်မှ ကျွန်တော်တို့ အဆင်ပြေမယ်။ ဗီဒီယို တစ်ကားကို ၁ဝ ရက် ပေးတယ်ဆိုပြီး အဲဒီ ၁ဝရက်မှာ မင်းသမီးက ကြော်ငြာ ၂ ရက်၊ ၃ ရက် ထွက်ရိုက်တာမျိုး၊ ဟိုလူက ဟိုသွားတယ် ဆိုတာမျိုးက မကောင်း တော့ဘူး။ မရိုက်ခင်ကတည်းက ဒါရိုက်တာ တစ်ယောက်ရဲ့ ပြင်ဆင်မှု ကလည်း အရေးကြီး တယ်။ အခုက အလုပ်က တအား ပေါနေတော့ ငါတို့ဘယ်လို လုပ်လုပ်ရပါတယ် ဆိုတဲ့ စိတ်ဓာတ်က လောကကို ဖျက်ဆီးတာ။ လူတွေက ငတ်ဖူးမှ သိတာ" လို့ပြောပြပါတယ်။
စိုင်းစိုင်းခမ်းလှိုင်၊ ဝိုင်းစုခိုင်သိန်းနဲ့ အေသင်ချိုဆွေတို့ ပါဝင် သရုပ်ဆောင် ထားတဲ့ "ဆယ့်နှစ်ကြိုးကဝေ" ဒီဗီဒီဇာတ်ကားကို ဒါရိုက် တာဝိုင်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖိတ်ကြားချက် ကြောင့် သွားကြည့်ခဲ့ပါတယ်။ ဒါကြောင့် ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ချင် လဲဆိုတော့...
"ပရိသတ် တစ်ယောက်အနေနဲ့ သွား ကြည့်ခဲ့ပါတယ်။ သူများအနုပညာကိုတော့ မဝေဖန်ချင်ပါဘူး။ စိုင်းစိုင်းကိုပြောရရင်တော့ စိုင်းစိုင်း ဒီဇာတ်ကားမှာ တိုးတက်လာတာ တော့အမှန်ပါပဲ" လို့ပြောပါတယ်။ဒါရိုက်တာ ဝိုင်းက သရုပ်ဆောင်အသစ်တွေနဲ့ ရုပ်ရှင် ကားကြီးတစ်ကား ရိုက်ကူး မယ်လို့လည်း ကြား ထားပါတယ်။ ဒါကြောင့်ဘယ်လို ဇာတ်လမ်း မျိုးဖြစ်တယ် ဆို တာနဲ့သရုပ်ဆောင်သစ်တွေကို ဘယ်လိုရွေး ချယ်သလဲ ဆိုတာတွေကို မေးကြည့်တော့..
"သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်မယ်ဆို တာကနောက်နှစ်မှပါ။ လောလောဆယ် ကျွန်တော် စီစဉ်နေပါတယ်။ မိဘမဲ့ကောင်မ လေး သုံးယောက်အကြောင်း ရိုက်မှာပါ။ ပရိသတ် လုံးဝမသိသေးတဲ့ အသစ်တွေနဲ့ ရုပ်ရှင်ကား ကြီးရိုက်ပြီး စိန်ခေါ်မှုတစ်ခုကို လက်ခံချင် တယ်။ သရုပ်ဆောင်ကောင်းတွေနဲ့ ရိုက်လို့ ပရိသတ် လာကြည့်တယ် ဆိုတာထက် ဒါမျိုး က ကျွန်တော့် အတွက် ဂုဏ်ရှိတယ်ဆိုတဲ့ ပုံစံ မျိုးနဲ့ ကျွန်တော် စမ်းကြည့်တဲ့သဘောပါ။ ဒါ က ကျွန်တော့်အတွက် စိန်ခေါ်မှုဖြစ်သလို ဒီအသစ်တွေ အတွက်လည်း စိန်ခေါ်မှုပဲ။ သရုပ်ဆောင် အသစ်တွေကိုလည်း ကျွန်တော် အခု စိစစ်နေပါပြီ။ ဒါကတော့ သတင်းစာထဲ ကလည်း ချပြလို့ မရဘူး။ စိစစ်ပြီး ရွေးချယ် ထားတဲ့အပိုင်းတွေရှိပါတယ်။ ဒီ ၁လ၊ ၂လ အတွင်းမှာပဲ ကျွန်တော် ဖိုင်နယ် အပြီးသတ် ရွေးမှာပါ။ လူထုကြားထဲကိုတော့ ကျွန်တော် ချပေးမှာမဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့လူတွေ ထဲကပဲ ကျွန်တော် လိုက်ကြည့်ပြီး ရွေး ထားတာရှိပါတယ်။ တချို့ကို စိတ်တိုင်းကျ ရွေးထားပေ မယ့် MRTV-4 တို့နဲ့ စာချုပ်ချုပ် ပြီးထွက်သွားတဲ့ ကလေးမတွေ လည်း ရှိပါတယ်" လို့ပြောပါတယ်။ ရွေးချယ်ထားတဲ့ သရုပ်ဆောင် အသစ် ၃ယောက် ကို ဇာတ်ကား မရိုက်ခင်မှာ သင်တန်းတွေပေးဖို့ ရှိလား ဆိုတာကိုလည်း..
"ရှိပါတယ်။ သူတို့ ၃ ယောက်က အက တွေရော၊ တိုက်ကွမ်ဒိုတွေ၊ ရေကူးတွေ၊ မြင်း စီးတွေ သင်ရဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ တကယ် လုပ်တတ်တဲ့ သူပဲ ဖြစ်ချင်တယ်။ ဘာမှမသိသေးတဲ့ ပြည်သူ ကတောင် တစ်ခါ မှမမြင်ဖူးသေးတဲ့ မိန်းမ ၃ ယောက်ကို အချိန် တွေ များစွာရင်းနှီးပြီး ကြည့်ရ တယ်။ ပရိုဂျူ ဆာကလည်း ငွေတွေများစွာရင်းနှီးရတယ်။ သူတို့လည်း ဒီလောက်တော့ ရင်းနှီးသင့်တယ်။ အဲဒါမှ ဒီပညာရပ်အပေါ် တန်ဖိုးထားမှာ" လို့ပြောပြီး သူတို့ ၃ ယောက် သင်တန်းတွေ တက်နေပြီဆိုတဲ့အချိန်ကျမှ အစ်ကို့စိတ်တိုင်း ကျ မဖြစ်ရင်ကော ထပ်ရွေးဦးမှာလားလို့ မေးတော့..
"ကျိန်းသေတာတစ်ခုက ကျွန်တော်စိတ် တိုင်းမကျရင် ကျွန်တော့် အနုပညာကောင်း မှာမဟုတ်ဘူး။ အဲဒီအတွက်တော့ ရွေးမှာပဲ" လို့ ဒါရိုက်တာ ဝိုင်း ကဆိုပါတယ်။
ဝဿန်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1