Wednesday, August 29, 2012

ဘိုလာဗန် တိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံ၌ တိုက်ခတ်

Ever November | 8/29/2012 10:28:00 AM | Best Blogger Tips

ဆယ်စုနှစ်များအတွင်း တိုက်ခတ်ခဲ့သည့် အင်အားပြင်းမုန်တိုင်းများအနက် တစ်ခုအပါအ၀င်ဖြစ်သည့် ဘိုလာဗန်တိုင်ဖွန်မုန်တိုင်းသည် ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါကျွန်း၌ သြဂုတ် ၂၆ ရက်က တိုက်ခတ်ခဲ့ပြီးနောက် ယခုအခါ ၄င်းမုန်တိုင်းသည် ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်လျက်ရှိကြောင်း သိရသည်။ တိုင်ဖွန်းမုန်တိုင်း ဘိုလာဗန်သည် အိုကီနာဝါကျွန်းအား တစ်နာရီလျှင် ၁၅၇ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၅၅၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ ၄င်းမုန်တိုင်းသည် နှစ် ၆၀ အတွင်း အဆိုးရွားဆုံး တိုက်ခတ်သော မုန်တိုင်းဖြစ်ကြောင်း မိုးလေ၀သဌာနက ပြောကြားခဲ့သည်။ ဘိုလာဗန်မုန်တိုင်းသည် လက်ရှိတွင် တောင်ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်လျက်ရှိပြီး သြဂုတ် ၂၈ ရက် အစောပိုင်းတွင် ကိုရီးယားနိုင်ငံ ဂျေဂျူးကျွန်းသို့ ၀င်ရောက် တိုက်ခတ်သွားနိုင်ဖွယ်ရှိကြောင်း မိုးလေ၀သဌာနက ခန့်မှန်းထားသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1