Wednesday, August 29, 2012

အငြင်းပွားကျွန်း ပြဿနာကို ဖြေရှင်းရန် ဂျပန်က တောင်ကိုရီးယားကို ကမ်းလှမ်း

Ever November | 8/29/2012 11:34:00 AM | Best Blogger Tips

ဂျပန် ပင်လယ် (အရှေ့ ပင်လယ်) ထဲမှ (၂)နိုင်ငံ ပိုင်ဆိုင်မှု အငြင်း ပွားနေသော ကျွန်းစုများ ပြဿနာကို The Hague မြို့အခြေစိုက် နိုင်ငံတကာ တရားခုံရုံး (ICJ) တွင် ဖြေရှင်းသင့် ကြောင်း ဂျပန်အစိုးရက တောင်ကိုရီး ယားသို့ အင်္ဂါနေ့တွင် တရားဝင် ကမ်း လှမ်းခဲ့သည် (ICJ) သို့ အတူချဉ်းကပ် ကြမည့် အစီအစဉ်နှင့် ပတ်သက်၍ တရားဝင် သံတမန်စာတမ်းတစ်ခုကို တောင်ကိုရီးယားဘက်သို့ သံရုံး ရုပ် သံလိုင်းများမှတစ်ဆင့် ပေးအပ်ခဲ့ ကြောင်း ဂျပန်အစိုးအရ အရာရှိများ က ပြောကြားခဲ့သည်။
ဂျပန်အခေါ် တက်ကီရှီးမား၊ တောင်ကိုရီးယား အခေါ် ဒေါ့ဒိုကျွန်းစုများသို့ တောင်ကို ရီးယားသမ္မတလီမြောင်ဘတ် ဩဂုတ် လ (၁၀) ရက်နေ့က အမှတ်မထင် သွားရောက် လည်ပတ်ခဲ့ပြီးနောက် ICJ သို့ တင်ပြဖြေရှင်းမည့် အစီအစဉ်ကို ဂျပန်က ကမ်းလှမ်းခဲ့သော်လည်း ဆိုးလ်က လက်မခံခဲ့ချေ။ လီသည် (၂)နိုင်ငံ အကြား ဆယ်စုနှစ်ပေါင်းများ စွာ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ယင်းကျွန်းများသို့ သွားရောက်လည် ပတ်ခဲ့သောပထမဆုံးတောင်ကိုရီးယား သမ္မတဖြစ်လာခဲ့သည်။
အငြင်းပွား ကျွန်းဆွယ်ပြဿနာနှင့် ပတ်သက်၍ အင်္ဂါနေ့ ဝန်ကြီးအဆင့်အစည်းအဝေး တစ်ခုတွင် ဂျပန်ဝန်ကြီချုပ် ယိုရှီဟီကို ဒိုဒါက (၂)နိုင်ငံ အပြန်အလှန် ဆက်ဆံ ရေး တိုးတက်လာစေရန်အတွက် ဂျ ပန်၏ ကမ်းလှမ်းမှုကို တောင်ကိုရီး ယားအနေဖြင့် အမြော်အမြင်ကြီးစွာ တုန့်ပြန်သင့်ကြောင်း ပြဿနာအဖြေရှာ နိုင်ရေးအတွက် ဂျပန်နှင့် ပူးပေါင်းကာ ICJ သို့တင်ပြသင့်ကြောင်း ပြောကြား ခဲ့သည်။
တောင်ကိုရီးယားသည် ဂျပန် ထံမှ အလားတူ ကမ်းလှမ်းမှုများကို ၁၉၅၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၂ တွင်တစ်ကြိမ်၊ ပယ်ချခဲ့ဖူးပြီး ဒေါ့ဒို ကျွန်းများမှာ မိမိတို့၏ အချုပ်အခြာ အာဏာပိုင်ဖြစ်ကြောင်း ယုံကြည် လျက်ရှိသည်။
Ref: AP
First News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1