Wednesday, August 29, 2012

မြန်မာနိုင်ငံ ပို့ဆောင်ရေးစီမံကိန်း ဂျပန် တစ်နှစ်အတွင်း ရေးဆွဲမည်

Ever November | 8/29/2012 11:44:00 AM | Best Blogger Tips

မြန်မာ တစ်နိုင်ငံ လုံး၏ ပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်သော အမျိုးသား အဆင့် ပို့ဆောင်ရေး စီမံကိန်း (National Fransport Development Plan) ကိုဂျပန်နိုင် ငံတကာ ပူးပေါင်းရေး အေဂျင်စီ (JICA) က တစ်နှစ်အတွင်း အကောင်အထည် ဖော်ရေးဆွဲမည် ဖြစ်ကြောင်း ယင်း အေဂျင်စီမှ မြန်မာပြည် ကိုယ်စားလှယ် Matsuoak Hajime က အတည်ပြု ပြောကြားသည်။
“ဒီစီမံကိန်းကို အဓိကဦးစား ပေးထားတယ်”ဟုMatsuoak Hajime က ဆက်လက်ရှင်းပြ သည်။ ယင်းရေးဆွဲမည့်စီမံကိန်း တွင်မြန်မာနိုင်ငံလုံး၏ ပို့ဆောင်ရေး ကဏ္ဍများဖြစ်သော ကုန်းလမ်း၊ရေလမ်း၊လေကြောင်းလိုင်းတို့ပါဝင် မည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းမှုအေဂျင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။
အဆိုပါအကြောင်းအရာကို ဩဂုတ်လ ၂၄ ရက်နေ့က Chatrium Hotel တွင် ကျင်းပပြုလုပ် သော မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးတွဲကျင်းပသည့် ပို့ဆောင်ရေး ဆိုင်ရာနည်းပညာဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ “ဂျပန်နိုင်ငံနဲ့ အခြေခံအ ဆောက်အအုံလုပ်ငန်းတွေဖြစ်တဲ့ လမ်းဆိပ်ကမ်း၊ရေကြောင်းပို့ဆောင် ရေး၊ မီးရထားစတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင် လုပ်ကိုင်ရတာကြို ဆိုပါတယ်” ဟုပို့ဆောင်ရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်ကဆိုသည်။
မြန်မာနိုင်ငံတွင် လမ်းတံတား အများစုမှာသဘာဝဘေးအန္တရာယ် ကြောင့်၊ ပျက်စီးခြင်းလမ်းတံတား အများစုမှာ နှစ်ပေါင်းများစွာသုံး ခဲ့သောကြောင့်ပြန်လည်ပြုပြင် ရန်လိုအပ်သော်လည်းလုံလောက် သော ဘတ်ဂျက်များ မရှိမရှိသော ကြောင့် လမ်းပန်းဆက်သွယ်ရေး မှာ အခက်အခဲများနှင့် တွေ့ကြုံနေ ရကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာနမှတာဝန်ရှိသူတစ်ဦးကသုံး သပ်ပြောကြားသည်။
စင်ကာပူနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် နမူနာထား၍ လုပ်ဆောင်သွားမည်ဆိုသော ရန်ကုန်မြို့တော်တွင် ဂျပန်နိုင်ငံမှ နည်းပညာအကူအညီများပေးအပ် သွားမည်ဖြစ်ကြောင်း ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းရေးအေဂျင်စီ JICA မှမြန်မာပြည်ကိုယ်စားလှယ် Matsuoak Hajime ကပြော ကြားသည်။
“ရထားလမ်းအစိတ်အပိုင်း ထိန်းသိမ်းဖို့ နည်းပညာအကူအ ညီတွေပါတယ်”ဟုJica မှ MATSUOK A ကဆိုသည်။ ရန်ကုန်မြို့တော်ရှိ မြို့ပတ် ရထားလမ်းများကို ပြုပြင်ထိန်း သိမ်းခြင်းနှင့် ရထားလမ်းများ ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် နည်းပညာများပေးအပ်ခြင်း၊ သင် တန်းများပေးခြင်းတို့ပါဝင်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်
။ “ဂျပန်နိုင်ငံရဲ့ နည်းပညာ တွေဟာ ပို့ဆောင်ရေးကဏ္ဍမှာ မတော်တဆဖြစ်မှုတွေကို ကြိုတင် ကာကွယ်နိုင်မယ်ထင်ပါတယ်”ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးÓဏ်ထွန်း အောင်က ထောက်ခံပြောကြား သည်။ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံ ကုမ္ပဏီ ၁၆ခုမှ စီးပွား ရေး လုပ်ငန်းရှင်များနှင့် ဂျပန်အစိုး ရဝန်ထမ်းများသည် ရန်ကုန်ဘူတာ ကြီးနှင့်မြို့ပတ်ရထားလမ်းများကို လာရောက်လေ့လာခဲ့ကြောင်း ဂျပန် သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
မင်းသူရ
Venus News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1