Friday, August 3, 2012

မြန်မာ့လေကြောင်းလိုင်းများကို ကိုင်တွယ်မည့်အမျုားပိုင်ကုမ္ပဏီ ဖွဲ့ စည်းမည်

Ever November | 8/03/2012 08:55:00 PM | Best Blogger Tips

မြန်မာနိုင်ငံရှိပြည်တွင်းပြည်ပ   လေကြောင်းလိုင်းများကို ကိုင်တွယ် ထိန်းသိမ်းနိုင်မည့် အများပိုင်လေ ကြောင်း ကုမ္ပဏီတစ်ခုကို ယခုနှစ်  အတွင်း ဖွဲ့စည်းတည်ထောင်သွား မည်ဖြစ်ကြောင်း လေကြောင်း ဦးစီးဌာနပြည်တွင်းပြည်ပပြန်ကြား ရေးတာဝန်ခံလက်ထောက်ညွှန်  ကြားရေးမှူးဒေါ်နွယ်နီဝင်းကျော်မှ  ပြောကြားသည်။
ယင်းဖွဲ့စည်းမည့်အများပိုင်  ကုမ္ပဏီသည် အစိုးရဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့် အဖွဲ့အစည်း  တစ်ခုအဖြစ်ဖွဲ့စည်းမည်ဟု သိရ သည်။ ကုမ္ပဏီဖွဲ့စည်းရာတွင် လုပ်ငန်းအတွေ့အကြုံရှိသူများ စီးပွားရေးနယ်ပယ်မှ သူများ နားလည်တတ်ကျွမ်းသည့်အကြံ ပေးများရှေ့နေများကို ခေါ်ယူကာ  ဆောင်ရွက်မည်ဖြစ်သည်။
“အဓိကကျတာကတော့ လေ ကြောင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး  ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်မှာ  ပါ၊Board of Direct အနေနဲ့ လုပ်မယ်၊ ပုဂ္ဂလိကကို ရှယ်ယာခေါ် ဖို့ကတော့ ကုမ္ပဏီဖွဲ့ပြီးမှပဲ စဉ်းစား  မယ်၊ ကုမ္ပဏီဖွဲ့စည်းတဲ့အခါမှာ အစိုးရဘက်ကပါမယ်၊ အတွေ့ အကြုံရှိတဲ့သူ ဥပဒေအကြောင်း၊  စာရင်းအင်းအကြောင်းတွေ နား လည်တဲ့သူတွေနဲ့ ဖွဲ့စည်းဖြစ်မှာပါ”” ဟု သူမကဆိုသည်။
အများပိုင်ကုမ္ပဏီဖွဲ့စည်းမည်ဟု ဆိုသော်လည်း စတင်မည့်ဌာနဆိုင်  ရာမှသာ စိစစ်ကာလူရွေးချယ်ခေါ်  ယူထားမည်ဖြစ်ပြီး ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန်အတွက်ကိုမူ စဉ်းစားမည်ဟု သိရသည်။
Hot News Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1