Friday, August 3, 2012

အနုကြမ်းစီးခံခဲ့ရသော သင်္ဘောသား ၁၂ ဦး ဖိလစ်ပိုင်စစ်တပ် ကယ်ဆယ် မြန်မာတစ်ဦးပါဝင်

Ever November | 8/03/2012 10:02:00 PM | Best Blogger Tips

အင်ဒိုနီးရှား ပင်လယ်ဓားပြများ၏ စီးနင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် မလေးရှား သင်္ဘောတစ်စင်းနှင့် သင်္ဘောသား ၁၂ ဦးအား ဖိလစ်ပိုင် ရေတပ်မှစစ်သည်များက ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။ ပင်လယ်ဓားပြများ၏ စီးနင်းခြင်းကို ခံရသည့် အဆိုပါသင်္ဘောများသည် သတ္တုရိုင်းများကို အင်ဒိုနီးရှားနိုင်ငံမှ သယ်ဆောင်၍ ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုမြို့သို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် ဓားပြများက ဇူလိုင် ၃၀ ရက်တွင် အနုကြမ်းစီးခဲ့ပြီး သင်္ဘောသားများအား စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်မှ ဗိုလ်မှူးကြီး အလက်ဇန္ဒားဘလူတန်က သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသားများတွင် အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦး၊ မလေးရှား နိုင်ငံသားငါးဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ပါဝင်ပြီး ၄င်းတို့သည် အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1