Wednesday, August 29, 2012

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ ဆက်လက်ကျင်းပ မေးခွန်း(၂)ခုဖြေကြား၊ ပြင်ဆင်သည့်ဥပဒေကြမ်း(၁)ခုနှင့် အစီရင်ခံစာ(၂)ခုတင်သွင်း၊ အဆို(၁)ခု အတည်ပြုခြင်းများ ဆောင်ရွက်

Ever November | 8/29/2012 07:27:00 PM | Best Blogger Tips
ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၄)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီ ၅ မိနစ်တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ခန်းမ၌ ကျင်းပရာ  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၁၆ ဦးတို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇုန် လှယ်ထန်း၏ ''ချင်းပြည်နယ် အတွင်း နေအိမ် တိုက်တာ အဆောက်အအုံ ဆောက်လုပ်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခြင်း အတွက် မတည် ရင်းနှီးငွေများ အပေါ်ဝင်ငွေခွန် စည်းကြပ်မှုမှ ကင်းလွတ်ခွင့် ပြုပါရန်'' မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး နှင့် အခွန်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင် က နေအိမ်တိုက်တာ အဆောက်အအုံ ဆောက်လုပ် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခြင်း အတွက် မတည် ရင်းနှီးငွေ များအပေါ် ဝင်ငွေခွန် စည်းကြပ်ခြင်းမှာ အဆိုပါ ဆောက်လုပ်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ခြင်း အတွက် ကျခံသုံးစွဲ ခဲ့သော ငွေကြေးသည် မည်သည့် ဝင်ငွေရ လမ်းမှ ရရှိသော ဝင်ငွေ ဖြစ်သည်ကို စိစစ်ခြင်း ဖြစ်ပြီး ဝင်ငွေရ လမ်းဖော်ပြ နိုင်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်ဘဲ ဝင်ငွေရလမ်း မဖော်ပြ နိုင်မှသာ ဝင်ငွေခွန် ပေးဆောင်ရ မည်ဖြစ် ပါကြောင်း။
ဝင်ငွေခွန် ဥပဒေပုဒ်မ ၂ တွင် ''ဤ ဥပဒေသည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် တစ်ဝန်းလုံးတွင် အာဏာတည် ရမည်။ ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ပြင်ပနေ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ နိုင်ငံသား များပေါ် တွင်လည်း အာဏာ တည်ရမည်''ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးတွင် အခွန်ဆိုင်ရာ ဥပဒေနှင့် အခွန်နှုန်း ထားများပါ တူညီ စွာပြဋ္ဌာန်း ထားပါသဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီ အခွန်တာဝန် ထမ်းဆောင် ရမည် ဖြစ်ပါ ကြောင်းဖြင့် ဖြေကြားသည်။
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1