Wednesday, August 29, 2012

ဒိုင်ဩယု ကျွန်းများ ပိုင်ဆိုင်မှု အရေး တရုတ်နှင့် ဂျပန်တို့ အငြင်းပွားမှု ပြင်းထန်

Ever November | 8/29/2012 07:25:00 PM | Best Blogger Tips

ဒိုင်သြယု ကျွန်းများ အရေးနှင့် စပ်လျဉ်း၍ ဂျပန် ခေါင်းဆောင်၏ မှတ်ချက် ချပြောဆိုမှုကို လုံးမ ကျေနပ်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် အတိအလင်း ထုတ်ဖော် ပြောဆို ခဲ့သည်။ တရုတ်နိုင်ငံရဲ့ နယ်မြေဆိုင် ရာ အချုပ်အခြာပိုင်ဆိုင်မှုကို တမင် သက်သက်ဖျက်ဆီးတာဖြစ်တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင် လီ (Hong Lei) ကထုတ်ဖော်ပြော ဆိုခဲ့သည်။
ဒိုင်ဩယုကျွန်းများသည် ဂျပန်နိုင်ငံ၏ နယ်မြေထဲတွင် တစ် စိတ်တစ်ဒေသ ပါဝင်ခဲ့ကြောင်း ဂျပန်နိုင်ငံက အခိုင်အမာပြောလိုသည်ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီ ကို နိုဒါ(Yoshihiko Noda) က စာနယ်ဇင်းသမားများသို့ အဆိုပါ နေ့ရက်မှာပင် ထုတ်ဖော်ပြောဆိုခဲ့ သည်။
မီဂျီအစိုးရလက်ထက် ၁၈၉၅ ခုနှစ်တွင် ၄င်းကျွန်းများကို ဂျပန်နိုင်ငံအတွင်း သွပ်သွင်း ပေါင်းစည်းခဲ့ကြောင်း၊ ထိုစဉ်အခါ က တရုတ်နိုင်ငံရှိ ကျင်မင်းဆက် (Qing Dynasty) ကအုပ်ချုပ်သည် ဆိုသည့် အရိပ်အယောင် အစအနမျှ မရှိခဲ့ကြောင်းဝန်ကြီးချုပ်ကအလေး အနက်ထားပြောကြားခဲ့သည်။ “ဒိုင်ဩယုကျွန်းတွေနဲ့ ပတ် လည်က ကျွန်းစုလေးတွေဟာ တရုတ်က အရင်ဆုံးတွေ့ခဲ့ပြီး အ မည်ပေးသုံးစွဲခဲ့တာကြောင့် ရှေး ခေတ်ကတည်းကတရုတ်နိုင်ငံရဲ့ ရှိ ရင်းစွဲနယ်မြေဒေသတွေဖြစ်ပါတယ်” ဟု ဟောင်ကအလေးအနက်ထား ပြောကြားခဲ့သည်။
၁၃၆၈ ခုနှစ်မှ ၁၆၄၄ ခုနှစ်အထိ အုပ်ချုပ်သောတရုတ်နိုင်ငံ၏ မင်မင်းဆက်ခေတ်ကို နောက်ခံပြု ၍ ၁၄၀၃ ခုနှစ်တွင် ထုတ်ဝေသော Departure Along the Wind အမည်ရှိစာအုပ်တွင် “ဒိုင်ဩယု ကျွန်းလေး” နှင့် “ချီဝေကျွန်းလေး” အမည်များကို အသုံးပြုထားရာ ဒိုင်ဩယုကျွန်းများ၏ ရှေးကျသည့် သမိုင်းမှတ်တမ်းကို အတိတ်ကပင် တွေ့နိုင်ကြောင်း၊ အဆိုပါအမည် များသည် ဒိုင်ဩယုကျွန်းများနှင့် ချီဝေကျွန်းငယ်လေးကို ယနေ့ခေတ် တွင်ရည်ညွှန်းကြောင်း ဟောင်က ပြောဆိုခဲ့သည်။
မင်မင်းဆက်ခေတ်က ဇီကျန်းနယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဟူဇွန် ကျင်း (Hu Zongxian) သည် ဒိုင်ဩယုကျွန်းများနှင့်ပတ်ဝန်းကျင် ကျွန်းငယ်လေးများသည်တရုတ်နိုင်ငံ ၏ ရေကြောင်းဆိုင်ရာကာကွယ်မှု တွင်ရှိခဲ့သည်ဟု မှတ်ချက်ပြုရေး သားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီ က ဆက်လက်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၏အရှေ့မြောက် ဘက် ထိုင်ဝမ်နှင့် ပန်ဂူးကျွန်းငယ် လေးများအပါအဝင် ဂျပန်က တရားမဝင်သိမ်းယူခဲ့သော နယ်မြေ အားလုံးကို တရုတ်နိုင်ငံသို့ ပြန် လည်ပေးအပ်ရမည်ဖြစ်သည် ဟုဒုတိယကမ္ဘာစစ်အပြီးတွင် ထုတ် ပြန်သော ကိုင်ရိုအရှိန်လျှော့ချရေး စာတမ်း (The Cairo Deceleration) က ချမှတ်ထားကြောင်း၎င်း က ပင်ပြောဆိုခဲ့သည်။
၁၉၇၁ ခုနှစ် ဇွန်လတွင် ဂျပန် နိုင်ငံသို့ အိုကီနာဝါကျွန်းကို ပြန် လည်လွှဲပြောင်းပေးရန်ကတိက ဝတ်ပြု စာချုပ်တစ်စောင်ကိုဂျပန် နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ လက် မှတ်ရေး ထိုးချုပ်ဆိုခဲ့ကြသည်။ ထို ကဲ့သို့ လွှဲပြောင်းပေးအပ်ရေး နယ် မြေများတွင်အဆိုပါဒိုင်ဩယုကျွန်း များကိုမြေပုံထုတ်ထည့်သွင်းထား သည်ဟုသိရသည်။
မာန်သစ်နိုး
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1