Wednesday, August 29, 2012

အနုပညာရှင်တွေ အနေနဲ့ မျက်စိတွေ၊ နားတွေ ဖွင့်တတ်ဖို့ လိုပြီး မဖွင့်ရင် ကျန်ခဲ့မှာ ဖြစ်ကြောင်း သူထူးစံပြော

Ever November | 8/29/2012 07:52:00 PM | Best Blogger Tips

လတ်တလောမှာ သူထူးစံက ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးတဲ့ 'ဝမ်းတူး အချစ်လျှော့' ဆိုတဲ့ ဇာတ်ကားမှာ စိုးရန်အောင်၊ စံရတီမိုးမြင့်၊ မိုးမြင့်သဇင်၊ ဒိန်းဒေါင် တို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ သူထူးစံ က နာမည်ကြီး ဓာတ်ပုံဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေးကို သရုပ်ဆောင်တဲ့ အခါမှာ အပြင်က သူငယ်ချင်းတွေဖြစ် တဲ့ ဓာတ်ပုံဆရာ တွေကိုလေ့လာပြီး သရုပ်ဆောင် ထားကြောင်း လည်း ပြော ပါတယ်။ ကာရိုက်တာ မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်တဲ့ သူထူးစံကို တိုက်ပိုင် မင်းသားတစ်ယောက် အနေနဲ့ ရိုက်ရတာနဲ့ အလွတ် ရိုက်ရတာ ဘာတွေ ကွာခြားမှုတွေ ရှိမလဲဆိုတာ မေးကြည့်တော့ ''၉ လပိုင်း မှာ နှစ် ကားလောက် ကို ကိုယ့်စိတ်ကြိုက် ရိုက်ဖို့စိတ်ကူး ထားတယ်။ ဖြစ်နိုင် ရင်ေ တာ့ ကိုယ့် ဘာသာကိုယ် လုပ်တာ အကောင်းဆုံးပဲ။ ကျွန်တော်တို့ ဗီဒီယို ရိုက်လာတာ တော်တော်ကြာနေပြီ။ ခေတ်ကောင်း နဲ့လည်းမီခဲ့ တယ်။ ခေတ် ဆိုးနဲ့လည်းမီခဲ့တယ်။ ဈေး ကွက်အနေအထားကို လိုက်ကြတာပဲ။ တိုက်ပိုင်နဲ့ ရိုက်ရတာထက်စာရင် အလွတ်ရိုက်ရတာကကောင်း တယ်လို့ ထင်တယ်။ ကိုယ်ပြချင်တဲ့ကားကို ချ ပြပြီး ဘယ်သူ့ကိုမှ အားနာစရာမလိုဘူး။ ကိုယ့် ဘာ သာရိုက်ရင် ကားကောင်းတွေပိုပြီး ထွက်လာ မယ်လို့ထင်တယ်။ အနု ပညာ သမားနဲ့ ထုတ်လုပ် သူအပိုင်းမှာ ကွာဟချက်တွေတော့ အများကြီး ရှိတယ် ။ နှစ်ဖက်စလုံးက ၅ဝ ရာခိုင်နှုန်းစီဆိုရင် အဆင်ပြေတာပေါ့။ အဲဒီလို မဟုတ် ဘဲ တစ်ဖက် က အစွန်းရောက်သွားရင်မကောင်းဘူး။ မဟုတ် ရင် ဆန့်ကျင် ဘက် တွေဖြစ် သွားလိမ့်မယ်'' လို့ပြောပါတယ်။

ဖိုက်တင် ကားတွေ ခေတ်စားလာ တုန်းက လည်း ဖိုက်တင်နဲ့ ပရိ သတ်တွေ ကို ဆွဲဆောင် နိုင်ခဲ့သလို ဟာသလေးတွေခေတ်စား လာတဲ့ အချိန် မှာလည်း ဟာသနဲ့ ပရိသတ်တွေ ကို ဆွဲ ဆောင်လာနိုင်ခဲ့သူက သူထူးစံ ပဲဖြစ်ပါတယ်။ အခုလက်ရှိ ပရိသတ်တွေကြားမှာ ခေတ်စား နေ တာကတော့ သရဲ ဇာတ်လမ်းတွေပဲဖြစ်ပါ တယ်။ သရဲကားတွေ ခေတ်စား လာတဲ့ အတွက် သရဲကားနှစ်ကားရိုက်ထား ပြီး ယောက်ျားလေး တွေ အနေ နဲ့သရဲ ကာရိုက်တာ သရုပ်ဆောင်ရင် ကြောက်စရာ မကောင်းကြောင်း သူထူးစံကသူ့ ရဲ့အမြင်ကိုပြောပါတယ်။ ပရိသတ်အကြိုက် လိုက်ပြီး သရုပ်ဆောင်နေ ကြတဲ့ သရုပ်ဆောင် တွေရဲ့ အနေအထားပေါ်ကိုလည်း သူထူးစံ က''ကျွန်တော်က အနုပညာကို ချစ်လို့လုပ်တာ။ ကိုယ်က သရုပ်ေ ဆာင် မလုပ်ခဲ့ရင်တောင်မှ ဒီ အနုပညာလောကရဲ့ တစ်ထောင့် တစ်နေရာ မှာ ရှိနေမှာ။အခုဆိုရင် လမ်းတွေလည်းတော်တော် ပွင့်သွား ပြီဖြစ်တဲ့ အတွက် ဒီအတိုင်းထိုင်နေလို့ မရဘူးလေ။ မျက်စိတွေ၊ နားတွေ ဖွင့်တတ်ဖို့ လိုပါ တယ်။မဖွင့်ရင်တော့ ကျန်ခဲ့မှာပါ'' လို့ပြောပါတယ်။ အနုပညာ သက် တမ်း ၁၂ နှစ်မှာ အနု ပညာအတွေ့အကြုံကတော့ ဘဝဖြတ်သန်းမှု အဆင့် ဆင့်မှာ အပြည့်ပါပဲလို့ပြောပြီး အနု ပညာ သက်တမ်း တစ်လျှောက် မှာ အောင်မြင် မှု နဲ့အတူ အခက်အခဲတွေ လည်း ရှိခဲ့ကြောင်း ပြောပါတယ်။ ၁ဝလပိုင်းမှာ ရုပ်ရှင်ကားကြီးတွေလည်း ရိုက် ဖို့အစီအစဉ် ရှိကြောင်းပြော ပါတယ်။
တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1