Wednesday, August 29, 2012

မြန်မာ့ဂီတမြေပေါ်ကို တစ်ကျော့ပြန် ခြေချလာတဲ့ ယုဇန

Ever November | 8/29/2012 07:29:00 PM | Best Blogger Tips

ယုဇနတို့ ဇနီးမောင်နှံက မြန်မာပြည်မှာ ပြန်လည် အခြေချနေ ထိုင်တော့ မှာ ဖြစ်ပါ တယ်။ သြစတြေးလျ မှာ လည်း အိမ်ရှိတဲ့အတွက် ဟိုကို တစ်နှစ် တစ်ခေါက်လောက် တော့ သွားဖြစ်မယ် လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ပြန်လာဖြစ်ခဲ့တဲ့ ယုဇနတို့က ဒီကြား ထဲမှာတော့ ပလေးဘွိုင်း သန်းနိုင်ရဲ့ မွေးနေ့ ရှိုးပွဲမှာ ဇနီးမောင်နှံ နှစ်ယောက်လုံး ပါ ဝင်ဖျော်ဖြေဖြစ် ခဲ့ပါသေးတယ်။ မြန်မာပြည် ကို ပြန်လည်ရောက်ရှိ လာတဲ့ ယုဇန ကိုနောက်ပိုင်း မြန်မာ့ ဂီတလောက မှာပြန်တွေ့ ရတော့မှာ လား ဆိုတော့ " ကျွန်မ ကိုယ်တိုင်က ဂီတအလုပ် ကိုလုပ်ချင် တာလည်းပါ တယ်။ အဆက်ပြတ် သွားတာလည်း တော်တော်ကြာတော့ ကျွန်မရဲ့ဂီတ ကို ဆက် ပြီး တော့ ရှင်သန်စေ ချင်ပါတယ်။ အိမ်ထောင်ကျ သွားတဲ့အတွက် အမျိုး သားနောက်ကို လိုက်သွားဖြစ်ပြီး ဂီတနဲ့ နည်းနည်း အဆက်ပြတ် သွားတာ ပါ။ ဟိုမှာနေတဲ့ တစ်လျှောက်မှာ လည်း သီချင်းတွေရေးဖြစ်တယ်။ တခြားနိုင်ငံ တွေမှာ လည်း သွားဆိုဖြစ်တယ်။ သြစတြေးလျမှာရှိတဲ့ တခြား မြို့တွေမှာ လည်း သွားဆို ဖြစ်တယ်" လို့ပြောပါတယ်။ ယုဇနက သြစတြေး လျ မှာ နေစဉ် က ကိုယ်ပိုင်သံစဉ်သီချင်း ဆယ်ပုဒ်ရေးခဲ့ တာနဲ့ ပတ်သက်ပြီး "ကျွန်မ အမျိုးသား နဲ့ပေါင်းပြီး ရေး တာလေးတွေ လည်းပါတယ်။ အဲဒီ အခွေ လေးကို အမှတ်တရ အနေနဲ့ အတတ်နိုင်ဆုံး အမြန်ဆုံး ထွက်ဖြစ်ေ အာင် ကြိုးစားနေတယ်။ အကြမ်းတီးပြီး ဆိုထားတာတွေရှိတယ်" လို့ ယုဇန က ပြောပါတယ်။ ယုဇနပြန်လာတဲ့ အချိန်နဲ့ မြန်မာပြည်မှာ ဂီတ အစည်းအရုံး အသစ်ပြန်လည် ဖွဲ့စည်းချိန်နဲ့လည်း တိုက်ဆိုင်နေ တာကြောင့် ယုဇန က လည်း မပျက်မကွက် မဲလာပေးဖြစ်ခဲ့ပါတယ်။ အဲဒီ အပေါ်မှာလည်း ယုဇနက " အခုလို ဂီတ အစည်းအရုံး ရွေးကောက် ပွဲမှာ ကိုယ်နှစ်သက်တဲ့ သူကို မဲပေးခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ ဂီတသမား တစ်ယောက်ဖြစ်တဲ့ အတွက် ဒီလိုကိစ္စတွေမှာ တစ်တပ်တစ်အား ပါဝင်သင့်ပါတယ်။ အမှန် အ တိုင်း ပြောရရင် အစက ကိုယ့်ဘာသာကိုယ် သီချင်းတွေဆို၊ ရှိုးတွေ သွားနေ ရ တာနဲ့ သိပ်ပြီးထဲထဲဝင်ဝင် နားမလည်ခဲ့ဘူး။ အခုပြန်လာတော့ မှ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကို သိရတာပေါ့။ အဲဒီအခါကျတော့ အရင်တုန်း က ဆိုရင်တော့ ဘေးရောက်နေ သလိုဖြစ်ပေမယ့် အခုကျတော့ ကိုယ်တွေလည်း ဂီတသမားတွေဖြစ်တာကြောင့် တစ်တပ်တစ်အား ပါဝင် သင့်တယ်ဆိုတဲ့ အသိ တရား ရလာတာပေါ့။ အဲဒါကြောင့် အခုလို လာပြီး မဲပေးတယ်။ ကျွန်မသဘောကျတဲ့ သူတွေလည်း ပါတာကြောင့် ငါးယောက် မဲပေး ခဲ့တယ် "လို့ သူမဲပေးခဲ့ပုံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ ပါတယ်။ ယုဇနက အခုဆိုရင် မြန်မာ့ဂီတမြေ ကို ပြန်လည် အခြေချမိပြီဖြစ် တာကြောင့် နောက် ပိုင်း ရှိုးပွဲစင်မြင့်တွေ မှာ ပြန်လည်တွေ့ ရ တော့မှာဖြစ်ပြီး ယုဇနက သူ့ ပရိသတ်နဲ့ အဆက်ဖြတ်ခဲ့တဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုကို လိုအပ်ပြီး အကောင်းအဆိုး ကိုလည်း ဝေဖန်ပေးကြပါလို့ ပေါ်ပြူလာ ကတစ်ဆင့် ပရိသတ်ကို ပြောပြခဲ့ပါတယ်။

ရဲရဲ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1