မာလာဂါတွင်သာ ဆက်လက် ကစားလိုနေသည့် ရွန်ဒွန်
မာလာဂါ အသင်းသည် ဘဏ္ဍာရေး
အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ကစားသမားများကို လစာငွေ
ပေးချေနိုင်ခြင်း မရှိသေးသောကြောင့် အသင်း၏ ထိပ်တန်း ကစားသမားများကို
လက်လွှတ်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည့် အသင်းဖြစ်သည်။
မာလာဂါအသင်းမှ ထွက်ခွာမည့် ကစားသမား
စာရင်းတွင် အာဆင်နယ် အသင်းမှ စိတ်ဝင်စားနေသည့် ကာဇိုလာ နှင့်အတူ
ရွန်ဒွန်လည်း ပါဝင်နေကြောင်း သတင်းမျာက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း
ရွန်ဒွန်မှ မာလာဂါအသင်းတွင်သာ ဆက်လက် ရှိနေလိုကြောင်းဖြင့် ထွက်ပေါ်နေသော
သတင်းများကို ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ ပြဿနာပိုမို ဖြစ်ပွားအောင်
မလုပ်ပါဘူး၊ ကျွန်တော်တို့ ခေါင်းအေးအေး ထားရပါမယ် ဒါပေမယ့် အခြေအနေက
မငြိမ်သက်ဖူး ဆိုရင်တော့ ကစားသမားတွေ ထွက်ခွာနိုင်တာ ဖြစ်နေကြ ကိစ္စပါ၊
အကယ်၍ ကစားသမား တစ်ယောက် ထွက်ခွာရမယ် ဆိုရင် ထွက်ခွာကြမှာပါ၊ ဒါပေမယ့်
ကျွန်တော့်ရဲ့ စာချုပ်က နှစ်နှစ်ကျန်ပါသေးတယ် ပြီးတော့ ဒီမှာပဲ
ဆက်နေချင်ပါတယ်”ဟု ရွန်ဒွန်မှ သူ၏ ရည်ရွယ်ချက်အား ထုတ်ဖော် ပြောဆိုခဲ့သည်။
soccer weekly
No comments:
Post a Comment