Friday, August 3, 2012

ဒုက္ခသည်တွေကို မကူညီကြဖို့ ဘင်္ဂလားဒေ့ရှ် ညွန်ကြား

Ever November | 8/03/2012 04:37:00 PM | Best Blogger Tips

ရခိုင်ပြည်နယ်ထဲမှာ  ဖြစ်ပွားခဲ့တဲ့  အဓိကရုဏ်းတွေကြောင့်  အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့  ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းပစ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးအဖွဲ့တွေကို ပိတ်ပင်လိုက်တယ်လို့ MSF  နယ်စည်းမခြား ဆေးပညာရှင် များအဖွဲ့ ပြောခွင့်ရ  ဒီဒဲရစ် ဗန် ဟယ်လ်စီမာ (Diderik Van Halsema) က VOA ကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်စာပေးပို့ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်တွေကို အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်းကြီး  ၃ ခုထဲမှာ MSF တဖွဲ့လည်း ပါဝင်ပါတယ်။

MSF အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇား (Cox’s Bazaar) မှာ ရှိတဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းပေးဖို့  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စာပေးပို့ခဲ့တာမို့  ဒီကိစ္စနဲ့ ပတ်သက်ပြီး  အာဏာပိုင်တွေနဲ့ ပြန်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့  MSF ကပြောပါတယ်။

နောက် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗြိတိန်အခြေစိုက် မူဆလင် ထောက်ပံ့ရေးအဖွဲ့ ( Muslim Aid UK ) ကို လည်း  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုလို အကူအညီမပေးဖို့ ပန်ကြားထားပြီး ဒီအဖွဲ့တွေရဲ့ အကူအညီပေးမှုတွေဟာ တဘက်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ပိုမို ၀င်ရောက်လာစေဖို့  ဖိတ်ခေါ်သလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပစ်မထားဖို့  အမေရိကန်နဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဖိအားတွေ ပေးနေတဲ့ကြားက  အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရက တားမြစ်ခဲ့တာဖြစ်ပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1