Friday, August 3, 2012

ခြင်မှတစ်ဆင့်ကူးစက်သည့် West Nile ဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် လေးဦးသေဆုံး

Ever November | 8/03/2012 10:39:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ်(၄၂)ခုတွင် ယခုနှစ်အတွင်း ခြင်မှတစ်ဆင့် ကူးစက်သည့် West Nile ဗိုင်းရပ်စ်ကြောင့် ၂၄၁ ဦး ဖျားနာခဲ့ပြီး ၄င်းတို့အနက်မှ လေးဦးသေဆုံးခဲ့ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာနက ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပွားမှုသည် ရှစ်နှစ်အတွင်း အဆိုးရွားဆုံး ဖြစ်ပြီး ရောဂါဖြစ်ပွားသူ များ၏ ၈၀ ရာခိုင်နှုန်းမှာ တက္ကဆက်၊ မစ္စစ္စပီနှင့် အိုကလာဟိုးပြည်နယ် သုံးခုမှဖြစ်ကြောင်း သိရသည်။ အဆိုပါရောဂါသည် အမေရိကန်နိုင်ငံတွင် ဇွန်လမှ စက်တင်ဘာလအတွင်း ဖြစ်ပွားလေ့ရှိပြီး သြဂုတ်လလယ်တွင် ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း သိရသည်။ အဆိုပါရောဂါ ကူးစက်ခံရသူ ငါးဦးတွင် တစ်ဦးသည် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နှင့် အဆစ်အမြစ် ကိုက်ခဲခြင်း၊ အော့အန်ခြင်း၊ စမ်းလျှောခြင်းစသည့် လက္ခဏာရပ်များ ဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရမှု၏ တစ်ရာခိုင်နှုန်းနီးပါးတွင် ဦးနှောက် သို့မဟုတ် ဦးနှောက်ပတ်ဝန်းကျင်ရှိ တစ်ရှူးရောင်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ထိုသို့ ဦးနှောက်ရောင်ခြင်းအထိ ဖြစ်ပွားသူများတွင် ၁၀ ရာခိုင်နှုန်းသည် သေဆုံးလေ့ရှိပြီး အဆိုပါ ဗိုင်းရပ်စ်အတွက် ကုသရန်နှင့် ကာကွယ်ရန် ဆေးမရှိသေးကြောင်း သိရသည်။ 
khitlunge.org

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1