Saturday, September 29, 2012

ATM ကဒ် ကိုင်ဆောင်သူများ MPU ကဒ်သို့ လဲလှယ်ရမည်

Ever November | 9/29/2012 11:10:00 AM | Best Blogger Tips

လက်ရှိအသုံးပြုနေသည့် ATM ကဒ်များအား MPU Card အသုံးပြုသည့် System အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့် ယခင် ATM Card များကို လာရောက် လဲလှယ်ရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ်များက သတင်းထုတ်ပြန်ထားသည်။
 
ပုဂ္ဂလိကဘဏ်များက ထုတ်ပေးထားသည့် ATM Card များအား အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ နိုဝင်ဘာလကုန်ပိုင်းထိ လဲလှယ်ပေးမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ထားသော်လည်း လက်ရှိအချိန် ကတည်းက လဲလှယ်ပေးနေကြောင်း AGD ဘဏ်က သိရှိရသည်။
 
MPU Card အဖြစ်သို့ မပြောင်းလဲပဲ အသုံးပြုမည်ဆိုပါက နောက် တစ်လ(သို့)နှစ်လ လောက်အထိသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကိုလည်း AGDဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
ကျွန်တော်တို့က ATM ကဒ်တွေကို ပြန်သိမ်းသွားမှာမဟုတ်ပါဘူး။ MPU ကဒ်တွေနဲ့ လဲပေးမှာပါ။ ဒီလ တစ်လလုံး အခမဲ့ လဲပေးနေပါပြီ။ဟု AGD ဘဏ်မှ အထွေထွေမန်နေဂျာက ပြောသည်။
 
လက်ရှိသုံးစွဲနေသော ATM ကဒ် ကို မကြာခင် စနစ်ပြောင်းလိုက်မည်ဖြစ်သဖြင့် ယခုကဲ့သို့ လဲလှယ်ပေးခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
MPU ကဒ်မှာ ဘဏ်တွင် ငွေစာရင်းဖွင့်ပြီး ငွေကြိုပေးရသော Debit Card စနစ်ဖြစ်ကာ အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များနှင့် ထိုကဒ်လက်ခံသောနေရာများ၌ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
 
MPU စနစ်ကို စတင်သုံးစွဲနေသော်လည်း လက်ရှိသုံးစွဲနေသော ATM ကဒ်ကို ဖျက်သိမ်းမည် မဟုတ်ဘဲ စနစ်နှင့် အမည်ပြောင်းလဲသွားခြင်းသာ ဖြစ်ကြောင်း CB ဘဏ်က သိရှိရသည်။
 
အခုအချိန်မှာ MPU ကဒ်တွေ မပြည့်စုံသေးတဲ့ အချိန်မှာတော့ ATM ကဒ်တွေကို ကျွန်တော်တို့ လဲပေးဖို့ ဆိုင်းထားဦးမယ်။ လောလောဆယ်ကတော့ သုံးလို့ရတယ်။ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦး ပြောသည်။
 
လက်ရှိတွင် ငွေလွှဲခများကိုတော့ (၃)လ အခမဲ့ ပေးထားမည်ဖြစ်ပြီး ATM ကဒ်များကို ဖျက်သိမ်းသွား မည် မဟုတ်ကြောင်းကိုလည်း သိရသည်။
 
MPU ကဒ်များကိုလည်း ကဒ်တစ်သောင်းသုံးစွဲရန် ရှိပြီး ကဒ်အသစ်လုပ်ဆောင်မည့်သူများကိုလည်း အခမဲ့လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း သိရသည်။
 
 "နိုဝင်ဘာလကျော်သွားရင်တော့ အခကြေးငွေတစ်ခု ပေးရမယ်လို့ ပြောတာလားဗျာ။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူး။" ဟု ATM ကတ်အသုံးပြုသူ ကိုမောင်ပြည့်ဖြိုးက ပြောသည်။
 
MPU Card Account အသစ်ဖွင့်လှစ်ခြင်းအတွက် နှစ်စဉ်ကြေး (၃၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း၊ MPU Card Account အသစ်များအား နှစ်သက်ရာဘဏ်ခွဲများတွင် သွားရောက်လျှောက် နိုင်ကြောင်းနှင့် ဝန်ဆောင်ခများကို အောက်တိုဘာ( ၁)ရက်နေ့ နောက်ပိုင်းမှထုတ်ပြန်ကြေငြာမည် ဖြစ်ကြောင်း သိရသည်။
 
 MPU Cardများ လာရောက်လဲလှယ်ရာတွင် နေ့ချင်းပြီး လဲလှယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်းကိုလည်း AGD ဘဏ်က သိရှိရသည်။
 
ပြည်တွင်းရှိ (၁၇)ဘဏ်၌ MPU Card အသုံးပြုနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဉာဏ်ဉာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1