Saturday, September 29, 2012

၂၇ - ၀၉- ၁၂ မှ ၃- ၁၀ - ၁၂ အထိ ၇ ရက်သားသမီးဗေဒင်

Ever November | 9/29/2012 11:06:00 AM | Best Blogger Tips
တနင်္ဂနွေ
     မပြီးပြတ်သောကိစ္စများပြီးပြတ်မည်။မျှော်လင့်ချက်များအောင်မြင်မည်။ရည်ရွယ်ချက်ရှိပြီး မဆောင်ရွက်ရသေးသောအလုပ်များလုပ်ဖြစ်မည်။အတိုက်အခံတခုပေါ်မည်။ကျော်လွှားနိုင်မည်။တွေးခေါင်ပူ
ပင်မှုတို့ရှိမည်။မင်္ဂလာဆောငလက်ထပ်ရန်စီစဉ်မှုတို့ရက်ရွေးမှုတို့ရှိမည်။စက၊ရွှေမြေတို့ရမည်။ အလုပ်ပြောင်းလဲမှု ဖြစ်မည်။ ရာထူးတိုး လစာတိုးမည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၅၊ ၃။
အထူးဟော               - မင်္ဂလာသတင်းတခုကြားရမည်။
ယတြာ                     - အိမ်ဘုရားကို တနင်္ဂနွေနေ့တွင် အအေးလှူ၍ ဆုတောင်းပါ။
 
တနင်္လာ
          သင့်ဆန္ဒတွေ ပြည့်လာမည်။ အလုပ်အကိုင်အဆင်ပြေမည်။ ၀င်ငွေကောင်းမည်။ အစုလိုက်အပြုံလိုက် ငွေဝင်မည်။ ကား စက်မြေ တို့ရောင်းဖြစ် ၀ယ်ဖြစ်မည်။ ထီပေါက်ကိန်း ရှိသည်။ ခြေထောက်ပိုင်း ခိုက်မိမည်။ လူလိမ် ငွေလိမ်ခံရမည်။ ချစ်သူသစ်တွေ့မည်။ လက်ထပ်ကိန်းမြင်သည်။ ခရီးဝေးယာယီ သွားရမည်။ စပ်တူရှယ်ယာ အကျိုးပေးသည်။ ကျန်းမာရေးကောင်းသည်။ မိသားစု အတွက်သတင်းကောင်း ကြားရမည်။
 
အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၆။
အထူးဟော               - စီးပွားတက်မည်။
ယတြာ                     - တနင်္လာ နေ့မှာ အရှေ့ရပ် က ငှက်များ ခွေးများကို အစာကျွေးပြီး ဆုတောင်းလိုက်ပါ.
 
အင်္ဂါ
          သင့်၏ရည်ရွယ်ချကတွေစိတ်ကူးယဉ်မှုတေရည်ရွယ်ချက်တွေအဆင်ပြေပါမည်။လုပ်ဆောင်မှုကို ရဲရဲလုပ်ပါ။လွတ်လွတ်လပ်လပ်လုပ်ပါ။အတိုက်အခံများ၊အိမ်ထောင်ရေးပြသာနာများအချစ်ရေးရှုပ်ထွေးမှုများ
ရှင်းလင်းသွားမည်။အထင်မြင်မှားမှုများပျောက်ကွယ်သွားမည်။ခရီးဝေးတွေရောက်မည်။အလုပ်ရာထူးတက်
မည်။စီးပွားရေးလုပ်ငန်းများပြောင်းလဲလုပ်ကိုင်သွားမည်။ကျန်းမာရေးအနည်းငယ်ချူချာမည်။ကြီးသူ၁ဦးချူ
ချာမည်။အိမ်ထောင်ရေး လက်ထပ်ဖြစ်မည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၆၊ ၉။
အထူးဟော               - စိတ်ချမ်းသာမှု့ရမည်။
ယတြာ                     - အင်္ဂါနေ့နံနက်တွင် သက်ကြီးရွယ်အို တွေ ဆန်ပေးလှူပါ။
 
ဗုဒ္ဓဟူး
          အလုပ်တွေများနေမည်။ရည်ရွယ်ချကတွေများမည်။ လူနှင့် အလုပ်နေ့မအားညမအားဆောင်ရွက် မှု့တွေများနေမည်။ သင်၏ ဆောင်ရွက်မှု့များအားလုံး မုချ အောင်မြင်မည်။ အပေါင်းအသင်း မိတ်ဆွေသစ် တွေတွေ့မည်။ ကျန်းမာရေး ကောင်းမည်။ စက်၊ယာဉ် မြေတို့ ၀င်မည်။ ရည်းစားချစ်သူ ထပ်တွေ့မည်။ အိမ်ထောင်ရှိသူ တို့ အငယ်ထပ်တွေ့မည်။ ၀င်ငွေကောင်းလာမည်။ အလုပ်အကိုင်ရာထူးတက်မည်။ အလုပ်မရသေးသော သူတို့ အင်တာဗျူး အောင်မြင်မည်။ မုချ အလုပ်ရမည်။ ပြည်ပခရီး ပြည်တွင်း ခရီးဝေးတွေရောက်မည်။ မိသားစုအားလုံးကောင်းမည်။
 
အကျိုးပေးဂဏန်း         - ၇၊ ၅၊ ၉။
အထူးဟော               - ဤတပတ်လုံး အောင်မြင်ကံကောင်းနေ မည်။
ယတြာ                     - ဗုဒ္ဓဟူးနံဘုရားကို ဗုဒ္ဓဟူးနေ့နံနက်တွင် ရေသက်စေ့ ရေအေး ရေသပ္ပါယ်ပါ။
 
ကြာသပတေး
          ငါသိငါတတ် ငါဆရာလုပ်၏။ လူရွေးပေါင်း အပြောကြမ်း၏။ မဟုတ်မခံစိတ်ရှိ၏။ အသန့်ရှင်း ကြိုက်၏။ ထိုသို့ စိတ်ဓာတ် နှင့် ဆက်ဆံမှု ကြောင့် ရင်းနှီးသူနှင့် စိတ်ဝမ်းကွဲမည်။ လူခင်ခြင်း မုန်းရတတ်၏။ ဒါပေမဲ့ ပြန်ခေါ်မည်။ ၄င်းအပြင် ဂုဏ်ပကာသန ဥစ္စာဓန ကြွယ်ဝမှု့ ကို သဘောကျပြီး ချစ်တတ်သူ ဖြစ်၍ ချစ်နေသော အချစ်ထက်မြင့်မား သူပေါ်လာမှု့ကြောင့် အချစ်ရေးကွဲတတ်ပါသည်။ ချစ်သူ အသစ်ရကိန်း မြင်ပါသည်။ ယူကာနီး လက်ထပ်ကာနီး မှ အဆင်မပြေတတ်ပါ။ အထင်လွဲ စွပ်စွဲမှု့ တွေ ဖြစ်လာပါမည်။ စီးပွားရေးလုပ်ငန်း များပြောင်းလဲ လုပ်ကိုင်ရမည်။ လုပ်ငန်းသစ် လုပ်ရမည်။ ခရီးဝေးတွေ မုချသွားရမည်။ မိသားစု အတွက်အကောင်းဆုံး ဆောင်ရွက်ဖြစ်မည်။ စာမေးပွဲဖြေဆိုမှု့တွေအောင်မြင်မည်။
 
အကျိုးပေးဂဏန်း         - ၆၊ ၉၊ ၃။
အထူးဟော               - မြင့်သည်ထက် ပိုမြင့်လာမည်။
ယတြာ                     - အောင်သပြေ ညွန့်ကို ကြာသပတေး နံနက် နာရီတွင် ၉န၀င်းဘုရားကို လှူပါ။
 
 
သောကြာ
 
          ကိုယ့်အတွက် ဖြစ်စေ သူတစ်ပါး အတွက်ဖြစ်စေ လုပ်ရခြင်းများအောင်မြင်မည်။ ချစ်သူတွေများလာမည်။ ချစ်သူတစ်ဦး နှင့် အဆင်မပြေဖြစ်မည်။ စွန့်စားသော ခရီး စမ်းသပ်သော အလုပ် သွားရလုပ်ရမည်။ အောင်မြင်မည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးဖြစ်အောင်ထီထိုးပါ။ ထိပ် ထိပ် မုချပေါက်မည်။  ၀၊၁၊၂ ပိတ်ဖြင့် ထိုးပါ။ သို့မဟုတ် သင်၏ မှတ်ပုံတင်အမှတ် ကိုယ်ပိုင်နံပါတ် တို့ကို ဂဏန်း ပြု၍ ထိုးကြည့်ပါ။ မုချပေါက်လာပါလိမ့်မည်။ မင်္ဂလာဆောင် လက်ထပ်ရန် စီစဉ်မှု့ များပြုရမည်။ ယာဉ် စက် ၊ကား  တို့ဝင်လာမည်။ စပ်တူရှယ်ယာ လုပ်ငန်းများလုပ်ရတတ်သည်။ အလုပ်ရာထူးတက်ခြင်းလစာတိုးခြင်းဖြစ်မည်။
 
အကျိုးပေးဂဏန်း         - ၁၊ ၅၊ ၆။
အထူးဟော               - အရာရာအောင်မြင်မည်။
ယတြာ                     - သောကြာနေ့နံနက်တွင် သောကြာနံဘုရားကို ရေအေးကပ်လှူ၍ လိုရာဆုတောင်းပါ။
 
စနေ
          လိမ္မာပါးနပ်မှုဆက်ဆံရေးကောင်းမွန်မှုတို့ကြောင့် အပေါင်းအသင်းပိုများလာမည်။ ကူညီသူတွေ့မည်။ ထို့ကြောင်သင့်ဆန္ဒတွေအောင်မြင်မည်။ဖြေဆိုမှုဟူသ၍မုချအောင်မြင်မည်။အလုပ်အကိုင်ရမည်။ခရီးသွားရ
မည်။မိသားစုနှင့်ခေတ္တခွဲရတတ်သည်။အချစ်ရေးကောင်းသည်။စီးပွားရေးကောင်းသည်။အလုပ်အကိုင်ကောင်း
သည်။အဝေးမှာအကျိုးပေးသည်။ကြီးပွားမည်။ကိုယ်ပိုင်လုပ်ငန်းရှယ်ယာလုပ်ငန်းအောင်မြင်မည်။ကျန်းမာရေး
ကောင်းမည်။ အတိုက်အခံကောင်းသည်။အချစ်ရေးကောင်းသည်။ လက်ထပ်ဖြစ်မည်။ 
 
အကျိုးပေးဂဏန်း         - ၀၊ ၇၊ ၂။
အထူးဟော               - တိုးတက်မှုတွ ရမည်။
ယတြာ                     - စနေနေ့နံနက်တွက် စနေနံဘုရားကို ဘုန်းကြီးထီးကပ်လှူပါ။ လိုရာဆုတောင်းပါ။
ဒေါက်တာထွန်းလင်း ( ဘုတလင်)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1