Saturday, September 29, 2012

iPhone 5 ဝယ်လိုအား မြင့်မားနေမှု ကြောင့် Apple ရှယ်ယာများ ဈေးနှုန်းမြင့်တက်

Ever November | 9/29/2012 09:57:00 AM | Best Blogger Tips

၂၄ နာရီ အတွင်း ကြိုတင်မှာယူမှု အလုံးရေ နှစ်သန်းခန့် ရှိခဲ့သည့် iPhone 5 ကို ဆက်လက် ဝယ်ယူလိုသူ များပြားလျက်ရှိရာ Apple ၏ ရှယ်ယာ တန်ဖိုးများသည် ယခုအခါ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။ 
အရွယ်အစား ပိုမိုကြီးမားပြီး အလေးချိန် ပိုမိုပေါ့ပါးကာ စွမ်းဆောင်ရည် ကောင်းမွန်သည့် iPhone 5 အမျိုးအစားများသည် ဈေးကွက်အတွင်း ကြီးမားသည့် အောင်မြင်မှုကို ရရှိမည်ဟု ယုံကြည်ရခြင်းကြောင့် ၂၀၁၂ ခုနှစ်၊ နှစ်စတွင် သတ်မှတ်ထားသော ရှယ်ယာ ဈေးနှုန်းများထက် ပိုမို မြင့်မားလာခဲ့ခြင်း ဖြစ်ပြီး ၆၉၉ ဒသမ ၇၈ ဒေါ်လာခန့် တန်ဖိုး မြင့်မားလာခဲ့ပြီး ဖြစ်သည်။
ထိုပမာဏမှာ ယခင်တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၈ ဒသမ ၅၀ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရှယ်ယာဝယ်လိုသူများလည်း များပြားလာခဲ့သည်။ Apple ကုမ္ပဏီ အနေဖြင့်  ယခုလအကုန်တွင် iPhone 5 အလုံးရေ ၁၀ သန်းခန့် ရောင်းချနိုင်မည်ဟု ယုံကြည်ထားပြီး ၂၀၁၂ ခုနှစ် အကုန်တွင် အလုံးရေ သန်း ၅၀ မှ ၆၀ အတွင်း ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။
ZZ
Pypmyanmar Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1