Saturday, September 29, 2012

အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး

Ever November | 9/29/2012 01:41:00 PM | Best Blogger Tips

အငြင်းပွားကျွန်းစုနှင့် ပတ်သက်ပြီး ဂျပန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၅ ရက်နေ့ ဆွေးနွေးခဲ့သော်လည်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း သံတမန်များက ပြောကြားခဲ့သည်။ ဂျပန်သည် တရုတ်နိုင်ငံ၏ ပိုင်နက်စည်းမျဉ်းကို အလွန်အကျွံ ချိုးဖောက်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျယ်ချီက ဆွေးနွေးပွဲပြုလုပ်နေစဉ်တွင် စွပ်စွဲပြောဆိုခဲ့ကြောင်း သိရသည်။ အရှေ့တရုတ်ပင်လယ်ရှိ လူမနေသည့် ကျွန်းစုများကို တိုကျိုအုပ်ချုပ်ရေးအဖွဲ့က ၀ယ်ယူခြင်းသည် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သဘောထားနှင့် ရပ်တည်ချက်ကို အလေးမထားမှုဖြစ်သည်ဟု ယန်က ပြောကြားခဲ့သည်။ ဂျပန်နှင့် တရုတ်နိုင်ငံတို့ ကျွန်းစုပိုင်ဆိုင်မှုအတွက် ဆယ်စုနှစ်များစွာ အငြင်းပွားမှုများသည် ပြီးခဲ့သည့် သီတင်းပတ်များတွင် ပိုမိုပြင်းထန်ခဲ့ပြီး တရုတ်နိုင်ငံရှိမြို့များတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ပန်နာဆိုးနစ်၊ ဟွန်ဒါအပါအ၀င် တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဂျပန်ကုမ္ပဏီများ၏ ထုတ်လုပ်မှုများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် ရပ်နားခဲ့ရသည်။ နှစ်နိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများသည် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပေကျင်း၌ ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း တင်းမာနေသည့် သံတမန် ဆက်ဆံရေး အတွက် ပြေလည်အောင် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။ တရုတ်သင်္ဘောများနှင့် ထိုင်ဝမ်ငါးဖမ်းသင်္ဘော ဒါဇင်များစွာသည် ဂျပန်နိုင်ငံရေပိုင်အတွင်းသို့ ၀င်ရောက်ခဲ့မှုကြောင်း ရေအမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1