Saturday, September 29, 2012

ဆီရီးယားတွင် ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ

Ever November | 9/29/2012 01:06:00 PM | Best Blogger Tips

ဆီးရီးယားတွင် အီရန် PressTVသတင်းဌာနအတွက်လုပ်ကိုင်နေသောသတင်းထောက်မာရာနက်ဆာသည် စက်တင်ဘာလ  ၂၆ ရက်နေ့က ပေါက်ကွဲမှုမြင်ကွင်းတစ်ခုအတွက် သတင်းပို့နေစဉ် ပစ်သတ်ခံခဲ့ရပြီး သေဆုံး သွားခဲ့သည်။ မြို့တော်ဒမတ်စကတ်တွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို သတင်းတင်ပြနေသော မာရာနတ်ဆာသည် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် Press TV ၏ ဒမတ်စကတ် ဗျူရိုအကြီးအကဲ ဟူစိန်မာတာဒါလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က ပုန်ကန်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သူပုန်တို့၏ ပစ်ခတ်မှုများကြောင့် ဆီးရီးယားဂျာနယ်လစ်များနှင့် နိုင်ငံခြားဂျာနယ်လစ်များ အမြောက်အများ သေဆုံး ခဲ့ပြီးဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1