Saturday, September 29, 2012

နီပေါလေယာဉ်ပျက်ကျမှုကြောင့် ဗြိတိန်နှင့် တရုတ်ခရီးသည်များ အပါအ၀င် ၁၉ ဦးသေဆုံး

Ever November | 9/29/2012 01:15:00 PM | Best Blogger Tips

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်မှ ပျံတက်ပြီး မကြာမီမှာပင် လေယာဉ်ငယ်တစ်စင်း သောကြာနေ့က ပျက်ကျခဲ့ရာ ဗြိတိန်နိုင်ငံသားခုနစ်ဦးနှင့် တရုတ်နိုင်ငံသားငါးဦးအပါအ၀င် ခရီးသည် ၁၉ ဦး သေဆုံးခဲ့ကြောင်း နီပေါအာဏာပိုင်များက ပြောကြားခဲ့သည်။ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုက ပိုင်ဆိုင်သည့် အဆိုပါ လေယာဉ်ငယ်သည် အင်ဂျင်နှစ်လုံးတပ် ဒေါ်နီယာအမျိုးအစား လေယာဉ်ဖြစ်ပြီး ဧ၀ရတ်တောင်ဒေသ လပ်ကလားမြို့သို့ သွားရောက်ရန် ခတ္တမန္ဒူလေဆိပ်မှ ပျံတက်ပြီး မကြာမီမှာပင် လေဆိပ်အနီး လယ်ကွင်းထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်ပျက်ကျမှုကြောင့် နီပေါနိုင်ငံသားခရီးသည် လေးဦးနှင့် လေယာဉ်အမှုထမ်းသုံးဦးတို့လည်း သေဆုံးခဲ့ကြရသည်။ လေယာဉ်ပျက်ကျ
ချိန်တွင် ရာသီဥတုမှာ ကောင်းမွန်လျက်ရှိပြီး မည်သည့်အကြောင်းကြောင့် ပျက်ကျခဲ့ရသည်ကို မသိရသေးကြောင်း နီပေါရဲတပ်ဖွဲ့က ပြောကြားသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1