Saturday, September 29, 2012

ရေခဲကမ္ဘာကို နှင်းခဲကမ္ဘာဟု အမည်ပြောင်းလဲ ဖွင့်လှစ်မည်

Ever November | 9/29/2012 10:54:00 AM | Best Blogger Tips

ရေခဲကမ္ဘာ အပန်းဖြေ စခန်းကို နှင်းခဲကမ္ဘာဟု အမည် ပြောင်းလဲ ကာ အောက်တိုဘာလ ၁၅ ရက်တွင် စတင်ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း  ၁၈-၉-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ရေခဲကမ္ဘာ အပန်းဖြေစခန်းတွင် ယခင်က ပြခန်းပေါင်း ၁၄ ခန်း ရှိခဲ့ပြီး ရေခဲအမှတ် အနုတ် ၁၅ ရှိခဲ့သည်။
“အခု ရေခဲအမှတ် အနုတ်ခုနစ်လောက် ထားမယ်။ ပြခန်းပေါင်း ၂၄ ခန်း ပါဝင်မယ်။ အခု နှင်းခဲကမ္ဘာ ရုပ်လုံးပေါ်ဖို့ အတွက် တရုတ်က ပညာရှင် ၂၅ ယောက်က လာရောက် လုပ်ကိုင်ပေးနေပါတယ်။ ဒီလကုန်ရင်တော့ အပြီးသတ်လုပ်မှာ ဖြစ်ပါတယ်” ဟု ရေခဲကမ္ဘာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခု ပြုလုပ်နေသော နှင်းခဲကမ္ဘာ အပန်းဖြေ စခန်းအတွင်း ကိုရီးယားမှ တင်သွင်းသော နှင်းမိုးရွာစက်များ ပါရှိမည်ဖြစ်ကြောင်း၊ ယင်းစက်မှ နှင်းများ ထုတ်လုပ်ပြီး ကလေးငယ်များ ပျော်ရွှင်စွာ ကစားနိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ ဦးခိုင်မြင့်ဦးက ပြောသည်။
“အတွင်းပိုင်းမှာ ရုပ်တုတွေက ၁၀ ရာခိုင်နှုန်း ထုလုပ်ပြီးစီးနေပါပြီ။ အဲဒီ နှင်းထုတွေထဲမှာ မြန်မာနိုင်ငံက ဗိသုကာပညာရှင်တွေ ထုလုပ်ထားတဲ့ ရုပ်တု အတော်များများ ပါဝင်မှာပါ။ နောက်ပြီးတော့ ဘေးပတ်လည်မှာ လူကြီး၊ လူငယ်မရွေး စီးနိုင်မယ့် ရေခဲကားတွေပါ ရှိမှာပါ။ လေးယောက်ကနေ ငါးယောက် အထိ စီးနိုင်ပါတယ်” ဟု ယင်းက ထပ်မံ ပြောကြားသည်။
အဆိုပါ နှင်းခဲကမ္ဘာကိုဝင်ကြေးအနေဖြင့်ယခင်ဈေးနှုန်းအတိုင်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် ပြခန်းဖွင့်ချိန်၊ ပိတ်ချိန်ကိုလည်း ယခင်အတိုင်းသာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
အိတ်ခ်ျအမ်တီ
Pyimyanmar Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1