Saturday, September 29, 2012

အိန္ဒိယမြောက်ပိုင်း ဟိမ၀န္တာဒေသများ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးခံစားရနိုင်

Ever November | 9/29/2012 01:36:00 PM | Best Blogger Tips

အိန္ဒိယ မြောက်ပိုင်းဒေသများနှင့် ဟိမ၀န္တာတောင်တန်းဒေသမျာသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံး အိန္ဒိယဒေသများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး ပင်လယ်ရေပြင်ထက်စာလျှင် ကုန်းတွင်းပိုင်း၌ ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုများ ပိုမိုကြီးမားလိမ့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက် သတင်းများတွင် ဖော်ပြထားသည်။ အိန္ဒိယမုတ်သုံရာသီ၏ မိုးရေချိန်ပမာဏသည် ၂၀၈၀ ခုနှစ်တွင် လက်ရှိအနေအထားထက် ၈ ဒသမ ၉ မှ ၁၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။ ဘ၀နေထိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းအပေါ် အဓိက မှီခိုအားထားနေရသော မဒရာပရာဒေ့ရှ်ပြည်နယ်နှင့် သြရိဿ ပြည်နယ်များမှ ပြည်သူများသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားရအလွယ်ကူဆုံးဖြစ်လာနိုင်ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1