Saturday, September 29, 2012

ဘဝတွင် ကျန်းမာစွာ နေထိုင်နိုင်မည့် ရိုးစင်းသော လျှို့ဝှက်ချက်

Ever November | 9/29/2012 11:00:00 AM | Best Blogger Tips

အသက်ရာကျော် ရှည်တဲ့သူ အများစုဟာ သာမန်လူတွေ မလုပ်နိုင် တာမျိုး လုပ်နိုင် ကြပါတယ်။  အစာကို သတိနဲ့ ဆင်ခြင်စားသောက်တာ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်တာ၊ တစ်ညရှစ်နာရီ အိပ်စက် အနားယူတာ၊ တရားထိုင်ပြီး စိတ်ဖိစီးမှု လျှော့ချတာ.. ဒါတွေက အပြောလွယ်သလောက် နေ့စဉ် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီအချက်တွေက ရိုးစင်းသလောက် လိုက်နာဖို့ ခက်ပေမယ့် တကယ် လိုက်နာနေထိုင်ရင် သက်ရှည်ကျန်းမာပါလိမ့်မယ်။
၁။ တစ်ပတ်တစ်ရက် လျှာကို အလိုလိုက်ပါ  
အများအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေလိုနေ့မှာ လျှာကိုအလိုလိုက်ပြီး စားချင်တာစားပါ။ ကျန်တဲ့ ခြောက်ရက်စလုံးမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသင့်ပါတယ်။ ကြက်သားပြုတ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး စတာတွေကိုပဲ စားနေရပေမယ့် တနင်္ဂနွေနေ့မှာ ချောကလက်ကိတ်ကို စားရတော့မယ်ဆိုတာ တွေးပြီး သရေစာစားချင်စိတ်ကို ချိုးနှိမ်ထားပါ။
၂။  ခန္ဓာကိုယ်အကျိုးပြု အစာများကို အဆင်သင့် ဆောင်ထားပါ  
သင့်အိမ်မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားဖို့ အစားအသောက်တွေ ဝယ်မယ်ဆိုရင် အာဟာရတန်ဖိုး ရှိရဲ့လား၊ စားရင် အကျိုးရှိမှာလား ဆိုတာကို တွေးတောပြီး ရွေးချယ်ပါ။ လူအများစုဟာ လွယ်လင့်တကူ အဆင်သင့်ရှိနေတဲ့ အစားအသောက်တွေကိုပဲ အများဆုံး စားဖြစ်လေ့ရှိပါတယ်။
၃။ ဟင်းခတ်အမွှေးအကြိုင်သုံးပြီး အရသာရှိအောင်  ချက်ပြုတ်စားပါ  
ဟင်းကောင်းတစ်ခွက်ရဖို့ ဆီတွေ၊ ထောပတ်တွေ၊ အချိုမှုန့်တွေ အများကြီး သုံးစရာ မလိုပါဘူး။ ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပေးရင် အနံ့အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်စေပါတယ်။ ထည့်သင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တွေက သံပရာရည်၊ ချင်း(ဂျင်း)၊ အသားစိမ်ဖို့ ဝိုင်နီရှလကာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေ ဖြစ်ပါတယ်။
၎။  အာဟာရပြည့်ဝသော  အစားအသောက်ကို ကြိုတင်ပြင်ဆင်ထားပါ  
တာရှည်ခံအောင် လုပ်ထားတဲ့ အဆင်သင့် အစာတွေကို တတ်နိုင်သမျှ ရှောင်ပြီး ဆန်လုံးညို၊ ခေါက်ဆွဲညိုတို့လို အခွံချွတ်မထားတဲ့ ကောက်နှံစာတို့ကို စားသင့်ပါတယ်။ အရံဟင်းအနေနဲ့ ဟင်းရွက်သုပ်၊ စွပ်ပြုတ်တို့နဲ့ တွဲစားပေးပါ။
၅။ ကွန်ပျူတာ၊ တီဗီတို့ ပိတ်ပြီး အိပ်စက်ပါ  
ညဘက်မှာ ကောင်းကောင်း အိပ်မောကျစေဖို့ အရေးကြီးဆုံး အချက်က ယောဂကျင့်ဖို့နဲ့ တရားထိုင်ဖို့ ဖြစ်ပါတယ်။ ပြီးရင် အိပ်ရာမဝင်ခင် တစ်နာရီ အလိုကတည်းက ကွန်ပျူတာ၊ တီဗီ စတဲ့ စခရင်တွေကို ပိတ်ပြီး စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ တရားမှတ်တာတို့ လုပ်ကာ စိတ်နဲ့ခန္ဓာ အပန်းဖြေရင်း အိပ်စက် အနားယူသင့်ပါတယ်။
၆။ ရေသောက်ပါ
လူ့ခန္ဓာကိုယ်မှာ အများစုက ရေတွေနဲ့ ဖွဲ့စည်း ထားတာကြောင့် ရေဓာတ် ပြည့်ဝနေဖို့ လိုပါတယ်။ ရေဟာ အစာကြေညက်စေပြီး အရေပြားကိုလည်း စိုပြည်စေ ပါတယ်။ ရေသောက်ရမှာ ပျင်းတဲ့အခါ သံပရာရည် အနည်းငယ်ညှစ်ပြီး သောက်ပေးရင် လန်းဆန်းသွားစေပါတယ်။
၇။ ချိုပြီး အာဟာရဓာတ် ရှိသော သရေစာကို ရွေးပါ  
အချိုအရသာရှိတဲ့ သရေစာကို စားချင်စိတ် ရှိတယ်ဆိုရင် ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရက်သီး၊ ကွတ်ကီး စတာတွေကို ရွေးချယ်စားပေးပါ။
၈။ နံနက်စာကို မရှောင်ပါနှင့်၊ မှန်မှန် စားပါ  
အသက်ရာကျော် ရှည်ရှည် နေရသူတွေဟာ နံနက်စာကို မစားဘဲ နေလေ့ မရှိကြပါဘူး။ နံနက်စာကို ကောင်းကောင်း စားပေးတာကြောင့် စိတ်နဲ့ခန္ဓာမှာ စွမ်းအင် အပြည့်ရှိကာ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာ မှန်သမျှ လုပ်ချင်စိတ် ရှိနေတတ်ပါတယ်။ နံနက်စာအဖြစ် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်အောင် ဒိန်ချဉ်နဲ့ သစ်သီး၊ ငှက်ပျောသီးနဲ့ နွားနို့၊ အခွံမာသီး၊ ကြက်ဥ/ဘဲဥကြော်နဲ့ ပေါင်မုန့် စတာတွေကို စားပေးသင့်ပါတယ်။
ကေအမ်
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1