Saturday, September 29, 2012

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ

Ever November | 9/29/2012 01:12:00 PM | Best Blogger Tips

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ၊ ပိတောက်ပင် ရေနံမှော် ရွှေရာသီကုမ္ပဏီ လက်ယက်တွင်းတိမ် လုပ်ကွက်တွင် စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးလောင်
်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရေနံတွင်းလုပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေရာသီကုမ္ပဏီ လက်ယက်တွင်းတိမ်လုပ်ကွက် တွင်းအမှတ် Ms.18 ခပ်လျှံရေနံတွင်း၌ မန်နေဂျာ ဦးကျော်လွင် (၄၅) နှစ် (ဘ-ဦးလှထွန်း) ကျောက်ယက်ကျေးရွာ ထားဝယ်မြို့နယ်မှ ဦးစီး၍ ရေနံတွင်းလုပ်သား လေးဦးဖြင့် ရေနံခပ်နေစဉ် ခပ်လျှံရေနံတွင်းအတွင်း ခပ်ခွက်သံကိုင်းနှင့် တွင်းကာသံပိုက်တို့ ပွတ်တိုက်မိရာ ရေနံတွင်းအတွင်းမှ မီးထွက်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် အင်ဂျင်၊ ကလပ်ခုံနှင့် ရေနံခပ် ဆက်စပ်ပစ္စည်းများ၊ ရေနံလှောင်မိုးကာကန်နှင့် ခပ်ယူပြီး ရေနံစိမ်းများ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရေနံတွင်းလုပ်သား ရဲမင်းစိုး (၂၁)နှစ်၊ (ဘ-ဦးကြည်) အရာတော်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူမှာ လက်နှစ်ဖက်၊ ရင်ဘတ်၊ ကျောမီးလောင်ဒဏ်ရာ (စိုးရိမ်ရ)၊ သိန်းစိုး (၂၃)နှစ် (ဘ-ဦးဖိုးဆေး) အရာတော်ကျေးရွာ၊ ညောင်ဦးမြို့နယ် နေသူမှာ ဒူးနှစ်ဖက်၊ ရင်ဘတ် အနည်းငယ်၊ သန့်ဇင် (၃၂)နှစ် (ဘ-ဦးဌေးဦး) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့နေသူမှာ ဝဲယာခြေလက် အနည်းငယ်၊ အောင်သက် (၁၈)နှစ် (ဘ-ဦးကျော်သိန်း) ဝါးခယ်မမြို့နေသူသည် ဝဲယာလက်တို့ မီးလောင်ဒဏ်ရာများ ရရှိသဖြင့် သရက်ခရိုင် အထွေထွေရောဂါကုဆေးရုံမှ ပြည်ခရိုင် အထွေထွေရောဂါကုဆေးရုံသို့ လွှဲပြောင်းကုသလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1