Friday, October 26, 2012

ADSL အင်တာနက်လိုင်း တပ်ဆင်ခကို ၆ သိန်းကျပ်မှ ၅ သောင်းကျပ်သို့လျှော့ချ

Ever November | 10/26/2012 04:07:00 PM | Best Blogger Tips

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေကျပ်၆သိန်းဖြင့် ရောင်းချပေးနေသည့်ADSLအင်တာနက်လိုင်းများကို
 နိုဝင်ဘာလ၁ရက်နေ့မှစတင်၍ ငွေကျပ်၅ သောင်းအဖြစ် ပြောင်းလဲသတ်မှတ် ရောင်းချပေးသွားမည်ဖြစ်
ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဌာန၏ ထုတ်ပြန်ချက်အရ ADSL အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခကိုသာ ဈေးနှုန်းလျှော့ချပေးခြင်း မဟုတ်ဘဲ ADSL အင်တာနက်လိုင်း ၏ လစဉ်ကြေးများကိုပါ ဈေးနှုန်းလျှော့ချပေးသွားမည်ဟု သိရသည်။ ADSL အင်တာနက်လိုင်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့မှ ရောင်းချပေးနေခြင်းဖြစ်ပြီး ဈေးနှုန်းလျှော့ချပေးခြင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုကသာ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ “ညီမတို့ဆီမှာ ဒီနေ့အထိ ဈေးမပြောင်းသေးပါဘူး။ လူကြီးတွေကလည်း ဘာမှမပြောထားသေးဘူး။ ဈေးနှုန်းက အရင်ဈေးနှုန်း ၅ သိန်းကျပ်ပါ။ နှစ်စဉ်ကြေးက FEC 60 လစဉ်ကြေးတွေက အမြန်နှုန်းပေါ်မူတည်ပြီး FEC 30, FEC 70, FEC 125 ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဈေးနှုန်းလျှော့ချပေးဖို့တော့ ဘာမှ ညွှန်ကြားထားတာ မရှိသေးပါဘူး” ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ ADSL အရောင်းဌာနမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးကပြောသည်။ ADSL အင်တာနက်လိုင်းများသည် အော်တိုတယ်လီဖုန်းလိုင်းပေါ်မှ အင်တာနက်စနစ်ကို ရယူအသုံးပြုရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အော်တိုတယ်လီဖုန်းလိုင်းများကို လိုင်းအရေအတွက် ၄၉၅,၃၃၈ ခန့် တပ်ဆင်အသုံးပြုလျှက်ရှိကြောင်း သိရသည်။ အင်တာနက်စနစ်ကို နည်းစနစ်အမျိုးမျိုးမှ ရယူအသုံးပြုနေကြပြီး နိုင်ငံအတွင်း အင်တာနက်အသုံးပြုသူများ၏ ၆၁ ရာခိုင်နှုန်းသည် ဂျီအက်စ်အမ် မိုဘိုင်းအင်တာနက်စနစ်ကို ချိတ်ဆက်အသုံးပြုကြပြီး ၂ ရာခိုင်နှုန်းခန့်မှာ ADSL အင်တာနက်စနစ်ကို ချိတ်ဆက်အသုံးပြုနေကြသည်ဟု သိရသည်။ “ဖြစ်သင့်ပါတယ်။ အခုလိုဖြစ်သွားတော့ ကျောင်းသားတွေ၊ စီးပွားရေးသမားတွေ အားလုံးအဆင်ပြေလာစေတယ်။ လိုင်းမြန်ဆန်မှုအပိုင်းမှာ မြို့နယ်အလိုက် ADSL ဆိုတော့ အိတ်ချိန်းအလိုက်ပေါ့။ အကန့်အသတ်လည်း လုပ်ရမယ်။ အဲဒီမှာ နှစ်မျိုးရှိတယ်။ ကန့်သတ်လိုက်လို့ အပြင်မှာ ဈေးပိုကြီးသွားနိုင်တယ်။ ကန့်သတ်မှု မလုပ်ရင်လည်း လိုင်းတွေ ကျသွားနိုင်တယ်။ ဖြစ်စေချင်တာကတော့ လိုင်းတွေအများကြီး ထုတ်ရောင်းလို့ ပိုမမြန်ရင်တောင်မှ ကျတော့မသွားစေချင်ဘူး” ဟု အင်တာနက် နေ့စဉ်အသုံးပြုသူ ကိုကိုရဲကပြောသည်။
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1