Friday, October 26, 2012

ချစ်တဲ့သူနဲ့ ညားပါစေလို့ ပရိသတ်တွေအတွက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဆုတောင်းစကား

Ever November | 10/26/2012 03:52:00 PM | Best Blogger Tips

ဟစ်ဟော့ပ်ရှိုးပွဲတွေမှာ ပရိသတ်အားပေးမှုကို တဖြည်းဖြည်းနဲ့ ရယူလာတဲ့ ဟစ်ဟော့ပ်တေးသံရှင် စိုးကြီးရဲ့'ဟစ်ဟော့ပ်စစ်သည်' စီးရီးထွက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ အဲဒီစီးရီးကိုတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖရန်ကို ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပါတယ်။


''ကျွန်တော်တို့ ထုတ်လုပ်ရေးနဲ့ စိုးကြီးနဲ့ စကားပြောထားဖြစ်တာကြာပါပြီ။ သူ့ကိုလည်း ယုံကြည်တယ်။ သူ့သီချင်းတွေကိုလည်း အားရတဲ့အတွက် ပူးပေါင်းပြီးတော့ စီစဉ်ဖြစ်တာပါ'' လို့ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို လူငယ်တွေနဲ့လက်တွဲပြီး လူငယ်တွေကို အားပေးကူညီဖြစ်နေတာက စိုင်းစိုင်းဂီတ လောကကို စဝင်ကာစက အခက် အခဲတွေကို စာနာပြီး လုပ်ပေးတဲ့ သဘောမျိုးလားဆိုတော့ ''အဲဒီလောက်ကြီးလည်း မဟုတ်ပါ ဘူးဗျာ။ အဲဒီလောက်ကြီးလည်း မစဉ်းစားတတ်ဘူး။ ကျွန်တော်က ရိုးရိုးလေး ပါပဲ။ ဒီတစ်ယောက် သီချင်းကို ကျွန်တော်ကြိုက်တယ်။ သူ့သီချင်းက သူဟာနဲ့သူကောင်းပြီး စီဒီဆိုတဲ့ အပြားလေးထဲကိုထည့်ပြီး ပရိသတ်ဆီကို ပို့ဖို့ရာမှာ အခက် အခဲ တွေ့နေတယ်ဆိုရင် ကျွန်တော်က အဲဒါကိုလုပ်ပေးနိုင် တဲ့အချိန် အခိုက်အတန့်လေးဖြစ်နေတယ်ဆိုရင် လုပ်လိုက်တာပါပဲ'' လို့ ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကို လက်ရှိဟစ်ဟော့ပ် လောကရဲ့ အနေအထားကရော ဘယ်လိုရှိနေမလဲဆိုတာ မေးကြည့်တဲ့အခါ ''ကျွန်တော် မကျွမ်းကျင်တဲ့ အရာတွေ ရှိတယ်။ ဝေဖန်ရေး မလုပ်တတ်ဘူး။ အဲဒါကြောင့် ဂီတလောက၊ ရုပ်ရှင်လောကစတာတွေမှာ ကျွန်တော်က ကစားသမားသက်သက်ပဲ ဖြစ်တဲ့ အတွက် မသုံးသပ်တတ်ပါဘူး''လို့ စိုင်းစိုင်းက ပြောပါတယ်။

စိုင်းစိုင်းရဲ့တစ်ကိုယ်တော်အခွေ အသစ်ဖြစ်တဲ့ 'ထိတ်ထိတ်ကြဲ'အခွေက အားလုံးပြီးသွားပြီဖြစ်ပြီး ဒီဇင်ဘာလမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီအခွေထဲမှာတော့ ပရိသတ်ကြီးသိပြီးသား 'တစ်ကိုယ်တော် ဗယ်လင်တိုင်း'နဲ့ 'ချာတိတ်အတွက်'ဆိုတဲ့သီချင်းတွေ ပြန်ပါမယ်လို့သိရပြီး သီချင်း အသစ်စက်စက်၊ ၁၂ပုဒ်ပါမယ်လို့လည်း သိရပါတယ်။ ဆက်လက်ပြီး စိုင်းစိုင်းက သီတင်းကျွတ် လည်းနီးလာပြီ ဖြစ်တာကြောင့် မင်္ဂလာသတင်း ကြားရမယ့်သူ့သူ ငယ်ချင်း၊ ပရိသတ်တွေကိုအားလုံး အဆင်ပြေပြီး ချစ်တဲ့ သူနဲ့ ညားကြပါစေလို့ ပြောတာကြောင့် စိုင်းစိုင်းအနေနဲ့ရောဆိုတော့ ''ကျွန်တော်နဲ့တော့မဆိုင်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေ ပရိသတ်တွေ အတွက် ဆုတောင်းပေးတာပါ။ ကျွန်တော်ကတော့ အစီအစဉ်မရှိသေးပါ ဘူး''လို့ လည်း သူ့ပရိသတ်တွေအတွက် ပြောပေးသွားခဲ့ ပါတယ်။
ရဲရဲ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1