Friday, October 26, 2012

ချန်ပီယံလိဂ် ဝင်ခွင့်သည် ဆုဖလား တစ်လုံးဟု ဝင်းဂါးသုံးသပ်

Ever November | 10/26/2012 01:37:00 PM | Best Blogger Tips

ချန်ပီယံလိဂ် ဝင်ခွင့်သည် ဆုဖလား တစ်လုံး ပိုင်ဆိုင်သည့်နှယ် ကောင်းမွန်သော အောင်မြင်မှုဟု အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အာဆင်နယ် အသင်းသည် နှစ်ပေါင်းများစွာ ဖလားလက်မဲ့ ကာလာများကို ဖြတ်သန်းခဲ့ရသည့်နောက် ပရိသတ် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရချိန်တွင် ပြင်သစ်သား မန်နေဂျာကြီးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကလပ်အသင်း၏ နှစ်ပတ်လည် အထွေထွေ ညီလာခံတွင် အသင်း အမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ်၊ ဥက္ကဋ္ဌ ပီတာဟေးလ်ဝုဒ်နှင့် အဓိက ရှယ်ယာပိုင်ရှင် စတန်ခရွန်ကီတို့ အားလုံးသည် ပရိသတ် ကိုယ်စားလှယ်များ၏ ဒေါသတကြီး မေးခွန်းများကို တုံ့ပြန် ဖြေဆိုခဲ့ရသည်။
ဝင်းဂါးကမူ "ကျွန်တော်ကတော့ ဆုဖလား (၅)လုံး ရှိတယ်လို့ မြင်တယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့က ပထမနဲ့ ဒုတိယ ဖလားတွေပါ။ တတိယက ချန်ပီယံလိဂ် ဝင်ခွင့်ကို ဖလားလို့ သတ်မှတ်ပါတယ်။ ပြီးမှ FAဖလားနဲ့ လိဂ်ဖလားတို့ကို ဆုဖလားတွေလို့ ယူဆထားပါတယ်။ ကျွန်တော် ဒီလိုပြောတာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ကမ်းလှမ်း ခေါ်ယူခဲ့ပါတယ်။ အဲဒီ အခါမှာ သူတို့က ခင်ဗျားတို့မှာ လိဂ်ဖလား ရှိနေလားလို့ ဘယ်သူမှ မမေးပါဘူး။ ချန်ပီယံလိဂ် ကစားခွင့် ရထားလားလို့ပဲ မေးကြတာကြောင့် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

၎င်းက လုပ်ခလစာ ကိစ္စနှင့် ပတ်သက်ပြီးလည်း "ကျွန်တော့် အလုပ်က အရင်းအမြစ်တွေ ပြည့်ဝနေတဲ့ အသင်းတစ်သင်းကို ထိုက်သင့်တဲ့ အနေအထားမျိုး ဖြစ်နေအောင် ဦးဆောင်ဖို့ပါ။ ကျွန်တော်ဟာ ကိုယ်ပိုင် အရင်း အမြစ်ကနေ ကစားသမားတွေကို လုပ်ခလစာ ပေးချေနိုင်တဲ့ အသင်းမျိုးအဖြစ် ရပ်တည်နိုင်ဖို့ လိုလားပါတယ်။ ဒီအတွက် ရှက်စရာ မရှိပါဘူး" ဟုလည်း ပြောဆိုသွားသည်။ 
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1