Friday, October 26, 2012

ထိုင်း လုလင်ပျိုတို့၏ ဣတ္ထိယ အသွင် ကပွဲသဘင်’အတွက် ဘန်ကောက်ကို သွားရောက်လေ့လာခဲ့တဲ့ နန်းဆုကေဆွမ်

Ever November | 10/26/2012 04:05:00 PM | Best Blogger Tips

အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်နေ့ အထိ MCCခန်းမမှာ ကျင်းပပြုလုပ်မယ့် ‘ထိုင်း လုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’ မှာ နန်းဆုကေဆွမ်က အစီအစဉ် တင်ဆက်သူ
အဖြစ် ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒီပွဲမှာ လိုအပ်မှုတွေ အတွက် ဘန်ကောက်မှာ သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ နန်းဆုကေ ဆွမ်က “ဘန်ကောက်ကို ၁၆ ရက်နေ့သွားတယ်။ ၁၈ ရက်နေ့က ပြန်ရောက် တယ်။ အဓိကကတော့ သူတို့ရဲ့ အဝတ်အစားက မြန်မာနိုင်ငံ အနေနဲ့ လက် ခံနိုင် တာမျိုးရှိလား ဆိုတာ သွားကြည့်တော့ အဝတ်အစားတွေက မရိုင်းဘူး။ တအားလှတယ်။ သူတို့ရဲ့သရုပ်ဆောင်မှုတွေကို တော်တော်လေးစားတယ်။ သူတို့က ပုံမှန်လူတွေတော့မဟုတ်ပေမယ့် သူတို့တွေ ပြ သတဲ့ အချိန်မှာ တ ကယ်လေးစား ရတယ်။ သူတို့ကို မဝေဖန်ခင် အရင်ဆုံး လာကြည့်စေ ချင် တယ်။ ပြပွဲကို အယောက် ၃ဝနီးပါးလောက် လာကြမယ်။ ဒီမှာ လာလုပ်ရင် MCC က ကျယ်တော့ စင် အနေအထား ကလည်း အဆင်ပြေမှာပါ။ မြန်မာနိုင်ငံ ကို သူတို့က ပထမဆုံး အနေနဲ့ လာတာဆိုတော့ လာကြည့်စေချင်တယ်။ ဒီ ပွဲအောင်မြင် သွားရင် ပွဲတွေကို မန္တလေးမှာလည်း နောက်ထပ် လုပ်ဖို့ အစီ အစဉ်ရှိတယ်။ သူတို့ လေယာဉ်ကွင်းကို စရောက်တဲ့ အချိန် ကစပြီး မှတ်တမ်း တင် ရိုက်ကူးဖို့ အစီအစဉ် ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1