Friday, October 26, 2012

အန်ဇီးဘက် အနိုင်ဂိုး သွင်းသော ဒေါင်းနင်းကို ရော့ဂျာ ချီးကျူး

Ever November | 10/26/2012 01:26:00 PM | Best Blogger Tips

လီဗာပူးလ် အသင်း၏ တောင်ပံလူ စတီးဝပ် ဒေါင်းနင်း၏ အန်ဇီးဘက် သွင်းယူသော ဂိုးအတွက် ကျေနပ် ပျော်ရွှင်မိကြောင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။
ရော့ဂျာက အန်းဖီးလ်တွင် (၁-၀)ဖြင့် အနိုင်ရသော ယူရိုပါလိဂ် ပွဲစဉ်တွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့သည့် အင်္ဂလန် ကစားသမားအား ချီးကျူး ဂုဏ်ပြုကြောင်း ဆိုသည်။ ဒေါင်းနင်းသည် ၎င်းမသန်သည့် ညာခြေဖြင့် ရုရှားကလပ် အသင်း၏ ဂိုးပေါက်ထဲ ဘောလုံးကို အရောက် ပို့ဆောင်သွားခြင်း ဖြစ်သည်။ ထို့အပြင် ဒေါင်းနင်းသည် ဒုတိယပိုင်းတွင် ကစားကွက်၌ ကွင်းလယ်ဗဟိုကို ပိုမို ထဲထဲဝင်ဝင် တိုးကစား သွားခဲ့သည်။ ၎င်း၏ ဂိုးဧရိယာ ထိပ်မှ ချိုးကန်သော ဘောလုံးကို ဂိုးသမား ဗလာဒီမာ ဂါဘူလက်ဗ် မတားဆီးနိုင်ခဲ့ချေ။
ရော့ဂျာက "ဒေါင်းနင်းရဲ့ ဂိုးကတော့ အံ့ဩစရာ တိုက်စစ်ဆင်မှု တစ်ခုပါပဲ။ သူဟာ အကောင်းဆုံး ဂိုးတစ်ဂိုး သွင်းပြခဲ့တာပါ။ သူ့ကို တွေ့နေမြင်နေကျ ပုံစံမျိုးနဲ့ လုံးဝ ခြားနား နေပါတယ်။ ကျွန်တော် သူ့ကို ဆူပူ ဝေဖန်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ယုံကြည်မှုကို ပြန်ပြီး မြှင့်တင်ပေးဖို့ အထောက်အကူ ဖြစ်စေခဲ့တယ် ထင်ပါတယ်။ လီဗာပူးလ် ပရိသတ်တွေဟာ ဒေါင်းနင်းရဲ့ ဂိုးအတွက် ကျေနပ် အားပေးခဲ့ကြပါတယ်။ ဒါဟာ ကစားသမား တစ်ယောက် အတွက်ရော၊ မန်နေဂျာ အတွက်ပါ ကောင်းမွန်တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်" ဟု ပြောကြားခဲ့သည်။

၎င်းက အန်ဇီးနှင့် ပတ်သက်ပြီးလည်း "သူတို့ဟာ အရမ်းကောင်းတဲ့ ကစားသမားတွေ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ ကစားရ သိပ်ခက်တဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီး နောက်ထပ် Clean-Sheet တစ်ပွဲ ထပ်ရလိုက်တာကတော့ ကျေနပ်စရာပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း တိုက်စစ်အရှိန် မြှင့်နိုင်ခဲ့တယ် ထင်ပါတယ်" ဟု မှတ်ချက်ပြု သုံးသပ် သွားခဲ့သည်။  
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1