Friday, October 26, 2012

တစ်လကို ပုံမှန်နှစ်ကားပဲ ရိုက်ဖြစ်နေသူ မင်းမော်ကွန်း

Ever November | 10/26/2012 01:20:00 PM | Best Blogger Tips

ပရိသတ်တွေက ဇာတ်ကားတွေရဲ့ ဇာတ်အိမ်ကို အဓိက ထားကြည့်လာကြတဲ့ အတွက် ဇာတ်တွေကို သေသေချာချာ အဓိကထားပြီး ရွေးရတယ်လို့ ဆိုလာတဲ့ မင်းမော် ကွန်းက “ဇာတ်ကို ပရိသတ်တွေက ပြန်ပြီးကြည့်လာကြတယ်။ ဟာသ ဆိုလည်း ပြဇာတ်ဆန်ဆန် လူရွှင်တော်ပြက် သလိုထက် ဇာတ်လမ်း၊ ဇာတ်အိမ် နဲ့ ရယ်စရာ ဟာသမျိုး ကို စဉ်းစားတယ်” လို့ ပြောပြပါတယ်။ ဇာတ် ကား ရိုက် ကူးမှု ကို တစ်လမှာ ပုံမှန် ၂ကားလောက်ပဲ ရိုက်ပြီး ပြင်ဆင် မှုတွေ လုပ်ဖြစ် တယ်လို့ပြောတဲ့ မင်းမော်ကွန်း က “အစည်း အရုံး က သတ်မှတ် ထား တာက တစ်လကို ၃ကား၊ ကျွန်တော်ကတော့ ပုံမှန် ၂ကားပဲ ရိုက်ဖြစ်တယ်။ တအား ကျပ် သွား တဲ့လမှသာ ၃ကားရိုက်တာ။ ကျန်တဲ့ အချိန်က ကျွန် တော်ပြန် ပြီး ရိုက်ရမယ့် ကားတွေ အတွက် ပြင်ဆင်မှုတွေ၊ စာဖတ်ဖို့၊ ဇာတ် ကားတွေကြည့် ဖို့ အတွက် အချိန်ထားထားတယ်။ ပြီးခဲ့တဲ့လက တစ်လလုံး ကားရိုက်တွေ အကုန်လုံး ကျွန်တော်နားလိုက်တယ်။ ဝတ္ထုတွေ ဖတ်၊ ရုပ် ရှင်တွေကြည့် တယ်။ ဘယ်လိုဇာတ်တွေ လုပ်မယ် ဆိုတာ ပြန်ချရေးပြီး Plan လေး လုပ်တယ်။ ကျွန်တော် ကတော့ ဘယ်လို လုပ်ပြမယ် ဆိုတာ ကြိုပြီး မပြောချင် သေးဘူး” လို့ ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1