Friday, October 26, 2012

တယ်ရီ အသင်းမှ ထွက်ခွာမည် ဆိုခြင်းကို ချယ်လ်ဆီး ငြင်းဆို

Ever November | 10/26/2012 03:55:00 PM | Best Blogger Tips
ချယ်လ်ဆီးတွင် ဆက်ရှိဦးမည့် တယ်ရီ

အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ရာသီကုန်တွင် အသင်းကို စွန့်ခွာမည်ဆိုသော သတင်းများကို ချယ်လ်ဆီးက ငြင်းချက် ထုတ်ခဲ့ရသည်။
အစောပိုင်းက သတင်းများက တယ်ရီသည် ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးမည် မဟုတ်ဘဲ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှ ထွက်ခွာမည်ဟု ဖော်ပြခဲ့သည်။ FIFA အသိအမှတ်ပြု စပိန်အေးဂျင့် ဖရန်ကွိုက်စ် ဂယ်လာဒိုက တယ်ရီသည် စပိန်ကလပ် ဗလန်စီယာထံမှ ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီး ရာသီကုန်တွင် လာလီဂါသို့ ပြောင်းရွှေ့မည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် တယ်ရီသည် လူမျိုးရေး ခွဲခြားမှု ပြဿနာကြောင့် FA၏ (၄)ပွဲပယ် ပြစ်ဒဏ်ကို ကျခံနေရသည်။
ဖရန်ကွိုက်စ်က "တယ်ရီဟာ ချယ်လ်ဆီးနဲ့ ကိစ္စတချို့ ရှိနေတာကြောင့် အသင်းမှာ သက်တမ်း မတိုးဖြစ်လောက်ပါဘူး။ သူဟာ လာလီဂါမှာ ပြောင်းကစားဖို့ စိတ်ဝင်စားနေပါတယ်" ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လန်ဒန် ကလပ် အသင်းမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အဆိုပါ သတင်းများ အားလုံးကို ငြင်းဆိုကာ အခြေအမြစ် မရှိဟု စွပ်စွဲ တုံ့ပြန်သွားခဲ့သည်။ ယခု သတင်းများနှင့် ပတ်သက်ပြီး ကာယကံရှင် တယ်ရီ ကိုယ်တိုင်ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေး ဖြေရှင်းမှု မရှိသေးဟု သိရှိရသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1