Friday, October 26, 2012

တောင်ကိုရီးယား ရေပြင်ပိုက်နက်အတွင်း မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်ဝင်ရောက်

Ever November | 10/26/2012 04:11:00 PM | Best Blogger Tips

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက် ရေပြင်ပိုက်နက်အတွင်းသို့ မြောက်ကိုရီးယား ကင်းလှည့် ရေယာဉ်တစ်စင်း အောက်တိုဘာ ၂၅ ရက်က ၀င်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက သတင်းထုတ်ပြန်သည်။ တောင်ကိုရီးယား ရေပြင်ပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသော မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်ကြောင့် တောင်ကိုရီးယားက သတိပေးခဲ့ရာမှ ယင်းမြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်သည် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီ ၇ မိနစ်၌ နောက်ကြောင်းပြန်လှည့်သွားသည်ဟု သိရသည်။ အဆိုပါနေရာသည် ကိုရီးယားနှစ်နိုင်ငံအကြား ကန့်သတ်ရေပြင်ပိုင်နက် နယ်နိမိတ်မျဉ်းဖြစ်ပြီး အပြန်အလှန် စွပ်စွဲငြင်းခုံကာ ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် ရေပြင်နယ်နိမိတ်လည်း ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအပြီး အဆိုပါ ရေပြင်ပိုင်နက် နယ်နိမိတ်ကို အမေရိကန်က ကမကထပြုလုပ်မှုဖြင့် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့သော်လည်း မြောက်ကိုရီးယားတို့က အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1