Friday, October 26, 2012

နိုင်ငံတော်သမ္မတ အနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိကြောင်း ထုတ်ပြန်

Ever November | 10/26/2012 04:25:00 PM | Best Blogger Tips
နိုင်ငံတော်သမ္မတအနေဖြင့် ကုရ်ဘာနီပြုလုပ်မှုနှင့် ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (Hmuu Zaw) ၏ facebook စာမျက်နှာ တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄တွင် ဖော်ပြထားသည့်အတိုင်း ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းေ ကာင်း၊ ပြည်သူ့ ကိုယ်ကျင့် တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး လွတ်လပ်စွာကိုးကွယ် တည်ေ ဆာက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည် ဟူသော အချက်များပါရှိပြီး ဖြစ်ကြောင်း ၎င်း၏ facebook တွင် ဖော်ပြထားသော အသိပေးကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားပါသည်။
 ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာ တမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ် )နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက် ဖြစ်ကြောင်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံပိုင် သတင်းစာနှင့် ရုပ်သံများတွင် ပါရှိပြီးဖြစ်ကြောင်းကိုလည်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၄င်း၏ facebook စာမျက်နှာတွင် အသိပေးချက်တစ်ရပ် အဖြစ် ဖော်ပြထားပါသည်။ 
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1