Thursday, June 6, 2013

ဗြိတိန်နိုင်ငံ အကြွေစေ့များ သတ္တုပြောင်းလဲထုတ်လုပ်ခြင်းက အရေပြား ဓာတ်မတည့်မှု ဖြစ်ပေါ်စေနိုင်

Ever November | 6/06/2013 09:13:00 AM | Best Blogger Tips

ဗြိတိန်အကြွေစေ့များကို သတ္တုပြောင်းလဲ သွန်းလောင်း ထုတ်လုပ်ခြင်းသည် ပြည်သူများအတွက် အရေပြားဆိုင်ရာ ဓာတ်မတည့်သည့် ပြဿနာများ ဖြစ်ပွားစေနိုင်ကြောင်း ဆွီဒင် သုတေသီများက ဇွန် ၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ဗြိတိန်ငွေကြေး အဖွဲ့အစည်းသည် ငါးပဲနိနှင့် ၁၀ ပဲနိ အကြွေစေ့များကို ယခင်က ကြေးနီ-နီကယ်တို့နှင့် သွန်းလောင်းပြုလုပ်ခဲ့ရာမှ ယခုအခါ နီကယ်နှင့် စတီး ရောစပ်ပုံလောင်း ထုတ်လုပ်ခြင်းဖြင့် နှစ်စဉ် အကြွေစေ့ သွန်းလောင်းထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅ သန်း လျှော့ချရန် မျှော်လင့်လျက်ရှိသည်။ ဆွီဒင်သုတေသီများ၏ အဆိုအရ နီကယ်-စတီးဖြင့် သွန်းလောင်းထားသော အကြွေစေ့ကို တစ်နာရီကြာမျှ ကိုင်တွယ် အသုံးပြုမှုသည် ကြေးနီ-နီကယ် ဖက်စပ် ပုံလောင်းထားသော အကြွေစေ့များ   ကိုင်တွယ်အသုံးပြုမှုထက် အရေပြားဓာတ်မတည့်မှု ဖြစ်ပွားနိုင်ခြေကို လေးဆပိုမို မြင့်တက်စေနိုင်ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1