Thursday, June 6, 2013

နီဂရီဒိုကို ခေါ်ယူရန် ဝက်စ်ဟမ်း၏ ကမ်းလှမ်းမှုအား ဆီဗီလာပယ်ချ

Ever November | 6/06/2013 09:43:00 AM | Best Blogger Tips

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းသည် ဆီဗီးလား တိုက်စစ်မှူး အယ်လ်ဗာရို နီဂရီဒိုကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရှိရသည်။

ပရီးမီးယားလိဂ် ကလပ်အသင်းသည် ပေါင်စတာလင် (၁၄.၅)သန်းတန် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်ခဲ့သော်လည်း စပိန်ကလပ်က ငြင်းဆိုခဲ့သည်။ ဆီဗီးလားက စပိန်လက်ရွေးစင်အတွက် ဝက်စ်ဟမ်းက ပေါင်စတာလင် (၁၇)သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် လုံလောက်မှု မရှိကြောင်း ဆိုသည်။ ဝက်စ်ဟမ်းသည် ကနဦး ပေါင်စတာလင် (၁၄.၅)သန်းကို ပေးချေကာ လက်ကျန်ငွေသားကို ကစားသမား၏ စွမ်းဆောင်ရည်အလိုက် ပေါင်းစပ် ဖြည့်တင်းပေးရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ 
ယခုကမ်းလှမ်းမှုကို နီဂရီဒို ကိုယ်တိုင်ကလည်း ပယ်ချခဲ့ကြောင်း သိရှိရသည်။ ၎င်းသည် အပ်တန်ပါ့ခ်သို့ ပြောင်းရန်ထက် စပိန်တွင် ဆက်နေရန် ပိုမို လိုလားနေသည်။ ဆီဗီးလား အသင်း ဥက္ကဋ္ဌ ဟိုဆေး မာရီရာ ဒယ်လ်နီဒိုက "နီဂရီဒို အသင်းမှာပဲ ဆက်နေမှာပါ။ သူ့စာချုပ်က သက်တမ်း(၄)နှစ် ကျန်နေသေးတယ်"ဟု ပြောဆိုခဲ့သည်။ ၎င်းက "ခုလောလောဆယ် နီဂရီဒို အိမ်မှာပဲ အနားယူနေတယ်။ သူက ကျွန်တော်တို့အတွက် ဂိုးတွေ အများကြီး သွင်းပေးနေသူပါ။ ဝက်စ်ဟမ်းက ယူရို(၁၇)သန်း အရင်ပေးပြီး ယူရို (၃)သန်း ထပ်ပေးမယ်လို့ ကမ်းလှမ်းတယ်။ (ယူရို သန်း ၂၀ သည် ပေါင်စတာလင် ၁၇ သန်း ဝန်းကျင်နှင့် ညီမျှသည်) ဒါပေမဲ့ ကျွန်တော်တို့ရော၊ ကစားသမားပါ ငြင်းခဲ့ပါတယ်"ဟု အတည်ပြုခဲ့သည်။

လတ်တလောတွင် ဝက်စ်ဟမ်းသည် လီဗာပူးလ်မှ တစ်ရာသီ အငှားခေါ်ယူခဲ့သည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အန်ဒီကာရိုးလ်ကို ပေါင်စတာလင် (၁၅)သန်းဖြင့် အပြီးသတ် ခေါ်ယူရေးကိုလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1