Thursday, June 6, 2013

ခေတ်သစ်တစ်ခု စတင်ရမည် ဖြစ်သည့်တိုင် မန်ချက်စတာ ယူနိုက်တက် ဆက်လက် အောင်မြင်မည်ဟု ဗန်ပါစီ မှတ်ချက်ပြု

Ever November | 6/06/2013 09:53:00 AM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက်တွင် ခေတ်သစ်တစ်ခု စတင်လာပြီ ဖြစ်သည့်တိုင် အသင်း၏ အောင်မြင်သော ပုံရိပ်မှာမူ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ရော်ဘင်ဗန်ပါစီက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် နွေရာသီကမှ အာဆင်နယ် အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးက ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားသည့်တိုင် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်ထက်တွင် ယူနိုက်တက် အနေဖြင့် အောင်ပွဲများ ဆက်လက် ရယူနေဦးမည်ဟု ယုံကြည်လျှက်ရှိသည်။ 
"ကျွန်တော် နောက်ထပ် အောင်မြင်မှုတွေ လိုချင်တယ်။ နောက်ထပ် ဆုတံဆိပ်တွေ ရယူချင်တယ်။ ရမယ်လို့လည်း ခံစားနေမိတုန်းပဲ။ အောင်မြင်မှုရဲ့ အရသာကို သိရင် ပိုလိုချင်တတ်တာပဲလေ။ နောက်ရာသီမှာ ကျွန်တော်တို့ ဖလား(၂)လုံးလောက် မျှော်လင့်တယ်။ ဒီထက်လည်း ပိုကောင်းပိုနိုင်တယ်။ ဒါဟာ အသင်းအတွက် ခေတ်သစ်တစ်ခုဆိုတာ သိပါတယ်။ ကျွန်တော်ကတော့ ရှေ့ကို မျှော်ကြည့်တယ်။ ဒါဟာ ကျွန်တော်တို့ လုပ်ရမယ့် အစိတ်အပိုင်း တစ်ခုပဲလေ။ အခြေအနေသစ် တစ်ခုကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ အရေးကြီးပါတယ်"ဟု ဗန်ပါစီက ဆိုသည်။

၎င်းက "ကျွန်တော်တို့မှာ မန်နေဂျာသစ် တစ်ယောက်ရှိတယ်။ ကစားသမားသစ်တွေလည်း ထပ်ရောက်လာနိုင်တယ်။ ခရစ္စတယ်လ်ပဲလေ့စ်က ဝီလ်ဖရိုက်ဒ်ဇာဟာ ရောက်နေပြီ။ ထပ်လည်း လာကြဦးမှာပဲ။ ဘယ်လို အဆင့်မျိုးလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး။ ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ။ လူတိုင်းက ကျွန်တော်တို့ရဲ့ အဆင့်ကို သိပါတယ်။ အမှတ်ပေး ချန်ပီယံဆုကို ကျွန်တော်တို့ ထိန်းသိမ်းထားချင်တယ်။ နောက်ထပ် ဖလား (၁)လုံး၊ (၂)လုံးလောက်လည်း မျှော်လင့်ထားပါတယ်"ဟုလည်း ဆက်လက် ပြောကြားသွားသည်။

Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1