Thursday, June 6, 2013

မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်း ခီဒီရာနှင့် အိုဇေးလ်တို့ ပြောကြား

Ever November | 6/06/2013 09:34:00 AM | Best Blogger Tips

ဟိုဆေး မော်ရင်ဟိုကို ထာဝရ ကျေးဇူးတင်နေမည် ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား နှစ်ဦးဖြစ်သည့် မီဆွတ်အိုဇေးလ်နှင့် ဆမ်မီ ခီဒီရာတို့က ပြောကြားခဲ့ကြသည်။

ရီးယဲလ်တွင် (၃)နှစ်ကြာ ဖြတ်သန်းပြီးနောက် ပေါ်တူဂီသား နည်းပြသည် တစ်ချိန်က ၎င်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးသော ချယ်လ်ဆီးအသင်းထံ ပြန်လည် ကူးပြောင်းသွားခဲ့သည်။ ဂျာမန် လက်ရွေးစင် အလယ်တန်း ကစားသမား နှစ်ဦးက ဘာနေဗျူးတွင် မော်ရင်ဟို လုပ်ဆောင်ပေးသွားသည့် အခြေအနေများအတွက် ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့သည်။ မော်ရင်ဟိုသည် ယခုသီတင်းပတ်အတွင်း ချယ်လ်ဆီးနှင့် (၄)နှစ် သက်တမ်းရှိ စာချုပ်ကို တရားဝင် အတည်ပြု ချုပ်ဆိုနိုင်ခဲ့သည်။
မော်ရင်ဟို၏ ဝယ်ယူခြင်းကို ခံခဲ့ရသည့် ဂျာမန်သား နှစ်ဦးအနက် အိုဇေးလ်က "ချစ်ခင်ရပါတဲ့ မော်ရင်ဟိုရေ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၃)နှစ်က ရီးယဲလ်အတွက် ခေါ်ယူခဲ့ပြီး အများကြီး သင်ကြားပေးခဲ့တာတွေ၊ ယုံကြည်မှု ဖြစ်တည်စေတာတွေအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ခင်ဗျားအတွက် အကောင်းဆုံးတွေ ဖြစ်ပါစေ"ဟု Facebookတွင် ရေးသားခဲ့သည်။ ခီဒီရာကလည်း "ကျွန်တော်လည်း ရီးယဲလ်အတွက် ကစားခွင့် ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်မိတယ်။ ပြီးတော့ ကျွန်တော့်ကို ထောက်ကူခဲ့သမျှ အရာတွေ အတွက်ရော ဆိုပါတော့။ သူဟာ ကျွန်တော့်နောက်မှာ အမြဲတမ်း ရပ်တည်ပေးခဲ့တယ်။ အထူးသဖြင့် မီဒီယာတွေက ဝေဖန်နေချိန်မှာ ကျွန်တော့်ကို ကူညီခဲ့သူပါ"ဟု ထောက်ခံခဲ့သည်။

၎င်းက "မော်ရင်ဟိုကို ကျေးဇူးတင်နေမှာပါ။ သူ့ကြောင့် ရီးယဲလ်မှာ ကစားသမား တစ်ယောက်အနေနဲ့ ကျွန်တော် ပိုရင့်ကျက်လာတယ်။ ပြီးတော့ လူသားတစ်ယောက် အနေနဲ့ရောပေါ့"ဟုလည်း ဖြည့်စွက် ရေးသားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1