Monday, January 27, 2014

စာချုပ်သစ်အတွက် မန်ချက်စတာယူနိုက်တက်နှင့် ဝိန်းရွန်နီ ဆွေးနွေးနေ

Ever November | 1/27/2014 10:11:00 AM | Best Blogger Tips

ဝိန်းရွန်နီ၏ စာချုပ်သစ်နှင့်ပတ်သက်၍မန်ချက်စတာယူနိုက်တက်နှင့်ကစားသမားတို့အကြား ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း Sky Sports သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

အသက် ၂၈ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး၏ လက်ရှိစာချုပ်သည် ၁၈ လသာ ကျန်ရှိတော့သည့် အတွက် အသင်းမှ တာဝန်ရှိသူများက ရွန်နီ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ စတင်ပြုလုပ်လျက် ရှိနေသည်။

ပြီးခဲ့သည့် နွေရာသီက ရွန်နီကို ချယ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ခေါ်ယူရန် ပစ်မှတ်ထားခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၅၀,၀၀၀ တန်ဖိုးရှိ ငါးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့သည်။

ထို့အပြင် မော်ရင်ဟိုသည်အသင်း၏ကွင်းလယ်ကစားသမားဂျူအန်မာတာကိုအိုးထရတ်ဖို့ဒ်သို့ စေလွှတ်ခဲ့
သောကြောင့် ချယ်ဆီးအနေဖြင့်လည်း ရွန်နီကို ယခုနှစ် နွေရာသီတွင် ခေါ်ယူနိုင်ရန် အခွင့်အရေးများ ရှိလာခဲ့သည်။

မာတာသည်စနေနေ့ကမန်ချက်စတာယူနိုက်တက်သို့ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဆေးစစ်မှုများ ပြု
လုပ်ကာ အပြီးသတ် ပြောင်းရွှေ့မှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

စပိန်လက်ရွေးစင်ကစားသမားသည်တနင်္ဂနွေနေ့တွင်ယူနိုက်တက်အသင်းဖော်များနှင့် လေ့ကျင့်ခန်း ပြုလုပ်
ဖွယ်ရှိပြီး အင်္ဂါနေ့တွင် ကာဒစ်ဖ်နှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ပွဲထွက်ပါဝင် ကစားရှိကြောင်း သိရသည်။

Ref: skysport
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1