လက်ရှိမြန်မာနိုင်ငံ၏ဆင်းရဲမွဲတေမှုများမှာ နှစ်ပေါင်းများစွာပြည်တွင်းစစ်ဖြစ်ပွားခဲ့ခြင်းကြောင့်ဟု ပြောဆိုနိုင် သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်နေချိန်တွင် ငြိမ်းချမ်းရေးပျက်ပြားစေမည့် စကားများကို လက်လွတ်စပယ် မပြောဆိုသင့်ဟု ရခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း
ပြောကြား ခဲ့သည့် စကားလုံးအချို့အပေါ် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးကို
နှစ်ဦးနှစ်ဖက်က ကြိုးစားနေချိန်မှာ စစ်မီးတောက်စေမဲ့ စကားလုံးတွေကို
လက်လွတ်စပယ် ပြောနေ တာကတော့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား။ပြဿနာကို
ငြိမ်းချမ်းစွာ ဖြေရှင်းနေချိန်မှာ အစိုးရဘက်က တကယ့်
အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးက ဘယ်အချိန်မဆို
ထပြီးတိုက်နိုင်တယ်။မင်းတို့ကိုကြောက်လို့ မဟုတ်ဘူးဆိုတဲ့ အသုံး
အနှုန်းမျိုးကတော့ ကျွန်တော်တို့အတွက် သတိထားစရာ
စိုးရိမ်စရာဖြစ်တာတော့အမှန်ပဲ”ဟု ၎င်းကဆိုသည်။
ထို့ပြင်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေး
ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်
အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ များနှင့် စစ်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းမှာ
စစ်မှန်သည့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် ကြံ့ကြာမှုများ
ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း တိုင်းရင်းသားခေါင်းဆောင်များက
သုံးသပ်ပြောဆိုကြသည်။
လက်ရှိအချိန်တွင်
KIA ထိမ်းချုပ်နယ်မြေများနှင့်ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် TNLA
ထိမ်းချုပ်နယ် မြေများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး
နှစ်ဘက်တပ်များအတွင်း အကျအဆုံးများရှိနေသည်ဟု သိရသည်။
၂၀၁၃ ခုနှစ်
နှစ်ကုန်ပိုင်းနှင့် ၂၀၁၄နှစ်ဆန်းပိုင်းအတွင်းအစိုးရစစ်တပ်နှင့်
ဖြစ်ပွားခဲ့သည့်တိုက်ပွဲပေါင်း တစ်ရာကျော် ရှိပြီး
တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ခြေရှိသေးကြောင်း ပလောင်ပြည်လွတ်မြောက်ရေး
တပ်မတော် ဥက္ကဌ ဗိုလ်မှူးကြီး တားအိုက်ဘုန်းက ပြောသည်။
“အခုချိန်ထိ
တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပြီးပြီ။ ဒီအတိုင်းဆိုရင်တော့ ဆက်ပြီးတော့လည်း
ဖြစ်ဦးမှာပါ။အစိုးရနဲ့ ညှိနှိုင်းလို့မရရင်
အပစ်ခပ်ရပ်စဲရေးလက်မှတ်မထိုးနိုင်ရင် ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်ရမဲ့
လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လုပ်သွားမှာပါ”ဟု ဗိုလ်မှူးကြီးတားအိုက်ဘုန်းက ပြောသည်။
ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော်၏လက်ရှိထိမ်းချုပ်ထားသည့်နယ်မြေများနှင့်တပ်ရင်းတပ်ဖွဲ့များ၏အ
ြ ကမ်းဖျင်းအခြေအနေကို အရှေ့မြောက်ပိုင်းတိုင်း
တိုင်းမှူးထံပေးပို့အကြောင်းကြားပြီးတပ်မတော်၏ တပ်တိုးချဲ့မှု အခြေအနေကို
အသိပေးရန်လည်း တောင်းဆိုထားကြောင်းနှင့် တပ်မတော်မှ ယခုအချိန်ထိ
အကြောင်းပြန်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးတားအိုက်ဘုန်းထံက
သိရှိရသည်။
လက်ရှိမြန်မာနိုင်ငံတွင်
တပ်မတော်မလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့အစည်းပေါင်း
(၁၀၀)ကျော်ရှိနေကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မျိုးသူ(မြစ်မခ)
No comments:
Post a Comment