ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်း 
သားကျောင်း သူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည်ဆိုသောကြောင့် ရန်ကုန်နှင့် 
မန္တလေးနည်းပညာတက္က သိုလ် ကျော င်းေ လးကျောင်း မှ ကျောင်းသား ကျောင်းသူ 
တစ်သောင်း တစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက်
 သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် 
နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက် က The Voice သို့ ပြောကြားသည်။
“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်း 
နီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ 
ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ 
တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာ တက္ကသိုလ်တွင် 
တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။
ထို့ပြင် လက်ရှိ ကျောင်းသားများနှင့် တိုက်ရိုက် ပတ်သက်နေသော မူဝါဒနှင့် 
လုပ်ငန်းစဉ်များကို ချမှတ် ဆွေးနွေးရာတွင် တာဝန်ရှိလူကြီးများ အနေနှင့် 
လူကြီးလူကောင်း ဆန်ဆန် ပွင့်လင်းမြင်သာမှု ရှိစွာ၊ တာဝန်ယူမှုရှိစွာဖြင့် 
ကျောင်းသားများကို အရေးတယူအသိပေး ဆောင်ရွက်ပေးရန် နည်းပညာ တက္ကသိုလ်ကျောင်း 
သားများက ထုတ်ပြန်ထားသည်။
“အဆင့်မြင့် ပညာကဏ္ဍမှာ နည်းပညာ ကျောင်းသားနဲ့ ကွန်ပျူတာ ကျောင်းသားများ၊ 
ဆရာဆရာမများမှ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် 
နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက် တာ အောင်ကျော်မြတ် က ဇန်နဝါရီလ ၂၅ 
ရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော အဆင့်မြင့် ပညာ 
ကဏ္ဍဆွေးနွေးပွဲတွင် ပြောကြား သည်။
အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆက်လက် 
ဆွေးနွေး သွားမည် ဖြစ်ပြီး မည်သည့် အကြံပြုချက်ကိုမဆို ပညာရေး မြှင့်တင်မှု 
ကော်မတီရှိ လုပ်ငန်းအဖွဲ့ (Working Group) က လက်ခံသွားမည် ဖြစ်ကာ မည်သူမဆို
 ဝင်ရောက် အကြံပြုနိုင်ကြောင်း ဝန်ကြီးဌာနများက ဖိတ်ခေါ်ထားသည်။
The Voice Weekly


No comments:
Post a Comment