Monday, January 27, 2014

ကြိုတင်မဲများစတင်ပေးသည့်နေ့တွင် ထိုင်းဆန္ဒပြခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ကိုးဦးဒဏ်ရာရ

Ever November | 1/27/2014 10:41:00 AM | Best Blogger Tips

ဆန္ဒပြခေါင်းဆောင် ဆူတင်တာရာတင်အား ဇန်န၀ါရီ ၂၆ ရက်က ပစ်သတ်မခံရမီ တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂ ရက်၌ ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများကို ဇန်န၀ါရီ ၂၆ ရက်က စတင်ခဲ့ရာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဆန္ဒပြခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီး ကိုးဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဆန္ဒပြခေါင်းဆောင် ဆူတင်တာရာတင်သည် ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ ဘန်နားအရပ်တွင် ထရပ်ကားတစ်စီးပေါ်၌ မိန့်ခွန်းပြောကြားစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ဒေသဖွံ့ဖြိုးရေး သိပ္ပံအတွက် အလုပ်လုပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးဖြစ်သည်။

ဆူတင်သည် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီနှင့် ပူးပေါင်းခဲ့သည့် People's Army အဖွဲ့အား ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

အစိုးရဘက်မှ ထောက်ခံသူများက ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဘန်နားအရပ်နှင့် ကီလိုမီတာ အနည်းငယ်ဝေးသော နေရာမှရောက်လာသည့် အစိုးရထောက်ခံသူ ရှပ်နီများနှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဆူတင်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကြားဖြတ်အစိုးရ ဒုတိယ၀န်ကြီးချုပ် ဆူရာပွန်တိုဗီချက်ချိုင်းကူက “ဘန်ကောက်မြို့က မဲရုံ ၅၀ အနက် ၄၅ ရုံကို ပိတ်ခဲ့ရပါတယ်။ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း အပါအ၀င် ပြည်နယ် ၇၆ ခုအနက် ၆၆ ခုမှာ ကြိုတင်မဲတွေ ပေးခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်၏ အရှေ့တောင်အာရှ လေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခ ပါဗင်ချာချာဗယ်ပွန်ပန်က “အခုလို ကန့်ကွက်မှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်နေပေမယ့် ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာအနေနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသွားမှာမဟုတ်ဘဲ သူမရဲ့အစိုးရ ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ထင်ပါတယ်” ဟု ပြောကြားသည်။

မဲပေးသူများကမဲရုံများပိတ်ပစ်ရခြင်းသည်မိမိတို့၏ဒီမိုကရေစီလွတ်လပ်ခွင့်ကိုထိပါးခြင်းဖြစ်ကြောင်း ပြော

ကြားခဲ့ကြသည်။

ဆန္ဒပြသူများက မြို့တော်ဘန်ကောက်နှင့် နိုင်ငံတောင်ပိုင်းရှိ ပြည်နယ်များမှ မဲရုံများသို့ ၀င်ရောက်တားဆီးမှုများ ပြုလုပ်ခဲ့ပြီး မဲရုံတာဝန်ခံများကို အတွင်းသို့ဝင်ရောက်ခွင့် တားမြစ်ခဲ့သောကြောင့် တစ်နိုင်ငံလုံးတွင် မဲရုံ ၈၀ ကို ပိတ်ပစ်ခဲ့ရသည်။

ကြိုတင်မဲပေးထားသူ နှစ်သန်းကျော်အနက် ၄၄၀၀၀၀ ဦး မဲပေးနိုင်ခြင်း မရှိခဲ့သောကြောင့် ဇန်န၀ါရီ ၂ ရက်တွင်လည်း အလားတူပြဿနာမျိုး ဖြစ်ပွားနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဆွန်ချိုင်းဆရီဆွတ်သီရာကွန်က ပြောကြားခဲ့သည်။

Ref:The Nation, AFP 
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1