နှင်းစုကို တွေ့ရရင် အမြဲ တမ်း ပျော်ရွှင်နေ တာဘာကြောင့် လဲ။
နှင်းစုက ဘယ်အလုပ်ကို မဆို စိတ်လက် ပေါ့ပါးစွာ ပျော် 
ပျော်ရွှင်ရွှင်လုပ်တတ်တာပါ။ ဒီ သရုပ်ဆောင် လောကထဲမှာလည်း နှင်းစုကို 
အားလုံးက ချစ်ကြလို့ထင် ပါတယ်။
 နိုင်ငံရပ်ခြား မဂ္ဂဇင်းတွေက sexy  ပုံရိပ်တွေအတွက် ငွေကြေး အများကြီးနဲ့ ရိုက်ဖို့ ကမ်းလှမ်းခဲ့ ရင်ရော။ 
 နိုင်ငံတကာမှာ ပြိုင်ပွဲဝင်လို့ စင်ပေါ်မှာ ရေကူးဝတ်စုံနဲ့ လျှောက် ရတာ 
ဘာမှမဖြစ်ပေမယ့် ဓာတ်ပုံ ရိုက်ရုံသတ်သတ်တော့ လက်ခံရိုက် ကူးဖြစ်မှာ 
မဟုတ်ပါဘူး။
 နှင်းစုခိုင်ဦးမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိတယ်ထင်လဲ။ 
အဓိက နှင်းစု တစ်ပါးသူ အပေါ်မှာ မနာလို စိတ်မရှိတာပါပဲ။
ဒီအလုပ် မလုပ်ဖြစ်ခင်က ကိုယ်နှစ်သက်တဲ့ အောင်မြင်ကျော် ကြားသူ ဘယ်သူဖြစ်မလဲ။ 
နှင်းစု ဆရာမ တင်မိုးလွင် ကို အရမ်းအားကျတယ်။ သူကြော် 
ငြာရိုက်တာပဲဖြစ်စေ၊ အစီအစဉ်တင် ဆက်သူ လုပ်တာပဲဖြစ်စေ၊ အောင် မြင်အောင် 
လုပ်နိုင်တယ်။ သူက နှင်းစုအားကျရတဲ့ မော်ဒယ်လ် တစ်ယောက်ပဲ။
ခုရော သူ့ဆီက ဘယ်လို သွန်သင်မှုတွေရှိလဲ။ 
တီချယ်က တစ်ခါတွေ့ တိုင်း တစ်ခါ ဆုံးမစကားပြောပါ တယ်။ သူ့ဆီက သင်ယူစရာတွေ မကုန်နိုင်ဘူး။
နှင်းစုအတွက် အကောင်း ဆုံး စိတ်ဖိစီးမှု ဖြေဖျောက်နည်းက 
အိပ်ပစ်လိုက်တယ်။ တစ်ခါ တစ်ရံမှာတော့ သူငယ်ချင်းနဲ့ ချိန်း ပြီး မုန့်စားကြတယ်။
 အိပ်ရာထရင် အမြဲတမ်း လုပ်ဖြစ်တဲ့ ကိစ္စနှစ်ခုက 
facebook သုံးတယ်။ မျက်နှာမသစ်ဘဲ တီဗွီကြည့်တယ်။
 အောင်မြင် ကျော်ကြားသူ တွေထဲက ဘယ်သူနဲ့တွဲပြီး dinner ပွဲ တက်ချင်လဲ။ 
ကိုနေတိုးကို ရွေးမယ်။ သူ သရုပ်ဆောင် တာကြိုက်တယ်။ over မဖြစ်ဘူး။ သူ့အကြည့်က အရမ်းဆွဲဆောင်မှု ရှိတယ်။ စူးရှ တယ်။ နှင်းစု သဘောကျတယ်။
 အားလပ်ရက်မှာ အလုပ် ချင်ဆုံး အလုပ်က.. 
ခရီးတွေပဲသွားချင်တယ်။ အလုပ်ကိစ္စမပါတဲ့ အပန်းဖြေခရီးမျိုး သွားချင်တယ်။ 
8 Days Journal


No comments:
Post a Comment