Monday, January 27, 2014

ဘူဖွန်၏ အနီကတ်ပြစ်ဒဏ်ကြောင့် သတင်းစာရှင်းလင်းပွဲကို ကွန်တီ သပိတ်မှောက်မည်

Ever November | 1/27/2014 09:50:00 AM | Best Blogger Tips

လာဇီယိုနှင့်၁ဂိုးစီသရေကျခဲ့သောပွဲစဉ်တွင်ဂျီယန်လွီဂီဘူဖွန်ကိုအနီကတ်ပြသခဲ့ခြင်းသည် ပြင်းထန်လွန်း
ကြောင်း ဂျူဗင်တပ်စ် နည်းပြ အန်တိုနီယို ကွန်တီက ပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဂျူဗင်တပ်စ် အသင်းခေါင်းဆောင် ဘူဖွန်သည် ဂိုးသွင်းရန် ကြိုးပမ်းသည့် လာဇီယို တိုက်စစ်မှူး မီရိုဆလပ် ကလိုဆေးကို လှဲချခဲ့သောကြောင့် ဒိုင်လူကြီးက ဘူဖွန်ကို အနီကတ်ပြခဲ့ပြီး လာဇီယိုကိုလည်း ပင်နယ်တီပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို အန်တိုနီယို ကန်ဒရီဗာက ဂိုးအဖြစ် ပြောင်းလဲခဲ့သည်။

ဘူဖွန် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ဂျူဗင်တပ်စ်သည် ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရသော်လည်း ဖာနန်ဒို လော်ရန်တေးက ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ သို့သော် ဘူဖွန်၏ အနီကတ်ပြစ်ဒဏ်ကို မကျေနပ်သည့် ကွန်တီက သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း ဆိုခဲ့သည်။

“ဒီစည်းမျဉ်းနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်မိပါတယ်။ တစ်ဖက်အသင်းကို ပင်နယ်တီ ပေးလိုက်ပြီ ဆိုတာနဲ့ အနီကတ် ပြဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်” ဟု အသက် ၄၄ နှစ်အရွယ် နည်းပြက ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် နှစ်ပေါင်းများစွာ ကတည်းက ပြောခဲ့ပြီးပါပြီ။ ဒါဟာ ပွဲကို ဖျက်ဆီးနေတာပါ။ ဒိုင်လူကြီးတွေဟာ တစ်ခါတစ်လေ အဝါကတ်ပြပြီး တစ်ခါတစ်လေ အနီကတ်ပြပါတယ်။ ဒါကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ လက်ကျန်ရာသီ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွေကို တက်ရောက်တော့မှာ မဟုတ်ပါဘူး” ဟု ကွန်တီက ပြောကြားသွားခဲ့သည်။
 
Ref:goal
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1